Ad

Thursday, October 1, 2015

Play Store ကို ကျော်ခွ၍ Download ဆွဲနည်း

 Play Store ကို ကျော်ခွ၍ Download ဆွဲနည်း

   အားလုံးပဲ မင်္ဂလာပါခင်ဗျာ------
   ကျွန်တော်အခုတင်ပြပေးမယ့် အကြောင်းအရာလေးကတော့ Android ဖုန်းအသုံးပြုသူများအတွက်အသုံးတည့်မယ့် အကြောင်းအရာလေးပါ။ Android application တွေဟာ တရားဝင်ဆိုရင်တော့ google play store မှာ အခမဲ့ရော အခပေးပါ downloadဆွဲလို့ရပါတယ်။ ဒါပေမယ့် gmail account တစ်ခုနဲ့ google account setting ပါတဲ့ ဖုန်းဟန်းဆက်တော့လိုပါလိမ့်မယ်။ တစ်ချို့ တရုတ်ဟန်းဆက်တွေမှာက google setting သွင်းမရတဲ့အခါမှာ google ရဲ့ တရားဝင် application တွေဖြစ်တဲ့ gmail တို့ play store တို့ blogger တို့ အဲဒီလို application တွေကိုသုံးလို့မရပါဘူး။
     နောက်တစ်ခုက ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် တရားဝင် ပေးမထားတဲ့ applucation တစ်ချို့ဆိုရင်လဲ download လုပ်လို့မရပါဘူး။ your country isn't available ဆိုတဲ့ စာသားလေး play store မှာပေါ်နေတယ် ဆိုရင်တော့ play store ကနေ တိုက်ရိုက် download လုပ်လို့ ရမှာမဟုတ်ပါဘူး။ ဒါဆိုရင်တော့ play store ကိုကျော်ခွပြီး download ဆွဲမှပဲရပါလိမ့်မယ်။
     ကဲ---အခုမိတ်ဆွေမှာ gmail မရှိတာ ဟန်းဆက်က playstore သုံးမရတာ ဒါမှမဟုတ် မြန်မာနိုင်ငံအတွက်မပေးထားတဲ့ application ကိုမှ download လုပ်ချင်တာ ဆိုရင်တော့ အခုကျွန်တော်တင်ပြတဲ့နည်းလမ်းလေးကို စမ်းကြည့်လိုက်ကြပါလို့ပြောချင်ပါတယ်ဗျာ။


ပထမဆမိမိနှစ်သက်ရာ browser တစ်ခုခုကိုဖွင့်၍ android4samsung.com လို့ရိုက်ထည့်လိုက်ပါ။ webpage ပွင့်လာရင်အောက်ကပုံလေးလိုပဲ search box မှာ ကိုယ်download လုပ်ချင်တဲ့ application နာမည် အပြည့်အစုံဖြစ်စေ တစ်ပိုင်းတစ်စဖြစ်စေ ရိုက်ထည့်ပြီး search ကိုနှိပ်လိုက်ပါ။ ကျွန်တော်ကတော့ wunzin နဲ့ နမူနာပြမှာမို့လို့ wun လို့ရိုက်ထည့်ပြီး ရှာထားပါတယ်။ပုံကိုကြည့်နိုင်ပါတယ်။










အဲဒီအခါမှာအောက်ကပုံလေးလိုမျိုး ပေါ်လာပါမယ်။ free ဆိုတဲ့နေရာ လေးကို နှိပ်ပါ။








အခုအောက်ကပုံလေးလိုပေါ်လာပါလိမ့်မယ်။ နှစ်သက်ရာ download engine ပေါ်ကိုနှိပ်လိုက်ပါ။


အဲဒီအခါ အခုအောက်ကပုံလိုထပ်ပေါ်လာပါမယ်။Get step 2 for checking APK file before download ဆိုတဲ့စာသားလေးပေါ်နှိပ်လိုက်ပါ။








အောက်ကပုံလေးလိုထပ်ပေါ်လာပါမယ်။ Go step 3 for get APK download link ဆိုတဲ့စာသားလေးပေါ်နှိပ်လိုက်ပါ။



အောက်ကပုံလေးလိုပေါ်လာရင် click here to download apk file ဆိုတဲ့စာသားလေးပေါ်ကို နှိပ်လိုက်ပါ။








အဲဒါဆိုရင်​​တော့ မိမိဖုန်းထဲကို စတင်​download ဆွဲ​နေပါပြီဗျာ။ ​အောက်​ကပုံလိုမျိုး​လေး​ပေါ်တဲ့ မိတ်​​ဆွေ​တွေက​တော့ နှစ်​သက်​ရာ downloader ​လေးကို​ရွေး​ပေးလိုက်​ရုံပါပဲ။ ကျွန်​​တော်​ဒီနည်းကို HTC ဖုန်းနဲ့လည်းစမ်းကြည့်​ပြီးပါပြီ။ downloadဆွဲလို့ရပါတယ်​။ website မှာက samsung အတွက်​သီးသန့်​လုပ်​​ပေးထားသလိုပုံစံဖြစ်​​နေတာ​ကြောင့်​ တခြားအမျိုးအစားနဲ့ကျွန်​​တော်​စမ်းကြည့်​ထားတာပါ။ အဆင်​​ပြေပါတယ်​။ စိတ်​၏ချမ်းသာခြင်း ကိုယ်​၏ကျန်းမာခြင်းနဲ့ပြည့်​စုံနိုင်​ကြပါ​စေဗျာ။