Ad

Saturday, September 5, 2015

Windows 10 Activate ကို စစ်ဆေးနိုင်မည့် နည်းလမ်းများ

ဇူလိုင်လ ၂၉ ရက်နေ့က ထုတ်လုပ်ဖြန့်ချိပေးခဲ့တဲ့ Windows 10 ကို ယခုအခါမှာ လူအများ ထည့်သွင်း သုံးစွဲလာနေကြပါပြီ။ မိမိထည့်သွင်း အသုံးပြုတဲ့ Windows 10 ကို Microsoft က တစ်ခါတည်း Activate ထည့်သွင်းပေးထားပါတယ်။ Windows 7 သို့မဟုတ် Windows 8 တို့ကနေ Upgrade ပြုလုပ်သူများကတော့ ယခင် ကိုယ်အသုံးပြုခဲ့တဲ့ Windows Version ဟာ Activate မဖြစ်ထားဘူးဆိုရင် Windows 10 ကို ထည့်သွင်းပြီးတာနဲ့ Activate ဖြစ်၊ မဖြစ်ကို စစ်ဆေးနိုင်ရန်အတွက် အောက်ဖော်ပြပါ နည်းလမ်းများအတိုင်း စစ်ဆေးနိုင်ပါတယ်။
ပထမနည်းလမ်းကတော့ System ကနေ စစ်ဆေးနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ System ကို ဖွင့်ရန်အတွက် Win + X ကို နှိပ်ပြီး System ကို ရွေးချယ်ပေးလိုက်ပါ။

ဒါဆိုရင် PC ရဲ့ အချက်အလက်တွေကို ဖော်ပြထားတဲ့ System box တစ်ခု ပေါ်လာပါလိမ့်မယ်။ ဘယ်ဘက်အောက်ခြေနားလေးမှာ Windows activation ဆိုတာကို တွေ့မြင်ရပါလိမ့်မယ်။ အဆိုပါနေရာမှာ Windows activate ဖြစ်၊ မဖြစ်ဆိုတာကို စစ်ဆေးနိုင်ပါတယ်။ အကယ်၍ အထက်ပါနည်းလမ်းအတိုင်း အသုံးမပြုလိုလျှင် Win + Pause Break ကိုနှိပ်ပြီး တိုက်ရိုက်သွားနိုင်ပါတယ်။

နောက်နည်းလမ်း တစ်ခုကတော့ Taskbar ရဲ့ ညာဘက်အောက်ခြေနားမှာ Notifications ဆိုတဲ့ icon လေးကို တွေ့ရပါလိမ့်မယ်။ အဆိုပါ icon ကို နှိပ်လိုက်ရင် အပေါ်ဘက်မှာ ကိုယ်လုပ်ထားခဲ့တဲ့ recent ဖိုင်တွေကို တွေ့မြင်ရပါလိမ့်မယ်။ အောက်ခြေနားမှာ Tablet Mode, Connect, Note, All Settings ဆိုတာတွေ ကို တွေ့မြင်ရပါလိမ့်မယ်။ All Settings ကိုနှိပ်လိုက်ပါ။ Settings အောက်ကို ရောက်သွားပါလိမ့်မယ်။ ပြီးသွားရင် Update & Security ဆိုတာကိုနှိပ်ပြီး Activation ကို ရွေးချယ်လိုက်တာနဲ့ Windows Activate ဖြစ်၊ မဖြစ်ကို ဖော်ပြပေးထားပါလိမ့်မယ်။ ဒီနေရာမှာ Tablet Mode ကို On / Off ပြုလုပ်ချင်သူများလည်း Notifications icon ကနေ အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။

နောက်ဆုံးနည်းလမ်းကတော့ Command prompt ကနေ command ကို အသုံးပြုပြီး စစ်ဆေးတဲ့ နည်းလမ်းဖြစ်ပါတယ်။ Run box ကို Win + R နှင့် ဖွင့်လိုက်ပါ။ cmd ဆိုတဲ့ command ကို ရိုက်ထည့်ပြီး command prompt ထဲကို ဝင်ရပါမယ်။ ပြီးသွားရင် slmgr /xpr ဆိုတဲ့ command ကို Command prompt ထဲကနေ ရိုက်ထည့်လိုက်ပါ။ ဒါဆိုရင် pop up လေးတစ်ခု တက်လာမှာဖြစ်ပြီး The machine is permanently activated. ဆိုတဲ့ စာသားကို ဖော်ပြပေးထားပါလိမ့်မယ်။

ယခု ဖော်ပြပေးထားတာကတော့ Windows 10 ကို Activate ဖြစ်၊ မဖြစ်ကို စမ်းသပ်နိုင်တဲ့ နည်းလမ်းများဖြစ်ပါတယ်။

Ref: maketecheasier
Credit=> internetjournal