Ad

Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

Thursday, October 1, 2015

Play Store ကို ကျော်ခွ၍ Download ဆွဲနည်း

 Play Store ကို ကျော်ခွ၍ Download ဆွဲနည်း

   အားလုံးပဲ မင်္ဂလာပါခင်ဗျာ------
   ကျွန်တော်အခုတင်ပြပေးမယ့် အကြောင်းအရာလေးကတော့ Android ဖုန်းအသုံးပြုသူများအတွက်အသုံးတည့်မယ့် အကြောင်းအရာလေးပါ။ Android application တွေဟာ တရားဝင်ဆိုရင်တော့ google play store မှာ အခမဲ့ရော အခပေးပါ downloadဆွဲလို့ရပါတယ်။ ဒါပေမယ့် gmail account တစ်ခုနဲ့ google account setting ပါတဲ့ ဖုန်းဟန်းဆက်တော့လိုပါလိမ့်မယ်။ တစ်ချို့ တရုတ်ဟန်းဆက်တွေမှာက google setting သွင်းမရတဲ့အခါမှာ google ရဲ့ တရားဝင် application တွေဖြစ်တဲ့ gmail တို့ play store တို့ blogger တို့ အဲဒီလို application တွေကိုသုံးလို့မရပါဘူး။
     နောက်တစ်ခုက ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် တရားဝင် ပေးမထားတဲ့ applucation တစ်ချို့ဆိုရင်လဲ download လုပ်လို့မရပါဘူး။ your country isn't available ဆိုတဲ့ စာသားလေး play store မှာပေါ်နေတယ် ဆိုရင်တော့ play store ကနေ တိုက်ရိုက် download လုပ်လို့ ရမှာမဟုတ်ပါဘူး။ ဒါဆိုရင်တော့ play store ကိုကျော်ခွပြီး download ဆွဲမှပဲရပါလိမ့်မယ်။
     ကဲ---အခုမိတ်ဆွေမှာ gmail မရှိတာ ဟန်းဆက်က playstore သုံးမရတာ ဒါမှမဟုတ် မြန်မာနိုင်ငံအတွက်မပေးထားတဲ့ application ကိုမှ download လုပ်ချင်တာ ဆိုရင်တော့ အခုကျွန်တော်တင်ပြတဲ့နည်းလမ်းလေးကို စမ်းကြည့်လိုက်ကြပါလို့ပြောချင်ပါတယ်ဗျာ။


ပထမဆမိမိနှစ်သက်ရာ browser တစ်ခုခုကိုဖွင့်၍ android4samsung.com လို့ရိုက်ထည့်လိုက်ပါ။ webpage ပွင့်လာရင်အောက်ကပုံလေးလိုပဲ search box မှာ ကိုယ်download လုပ်ချင်တဲ့ application နာမည် အပြည့်အစုံဖြစ်စေ တစ်ပိုင်းတစ်စဖြစ်စေ ရိုက်ထည့်ပြီး search ကိုနှိပ်လိုက်ပါ။ ကျွန်တော်ကတော့ wunzin နဲ့ နမူနာပြမှာမို့လို့ wun လို့ရိုက်ထည့်ပြီး ရှာထားပါတယ်။ပုံကိုကြည့်နိုင်ပါတယ်။










အဲဒီအခါမှာအောက်ကပုံလေးလိုမျိုး ပေါ်လာပါမယ်။ free ဆိုတဲ့နေရာ လေးကို နှိပ်ပါ။








အခုအောက်ကပုံလေးလိုပေါ်လာပါလိမ့်မယ်။ နှစ်သက်ရာ download engine ပေါ်ကိုနှိပ်လိုက်ပါ။


အဲဒီအခါ အခုအောက်ကပုံလိုထပ်ပေါ်လာပါမယ်။Get step 2 for checking APK file before download ဆိုတဲ့စာသားလေးပေါ်နှိပ်လိုက်ပါ။








အောက်ကပုံလေးလိုထပ်ပေါ်လာပါမယ်။ Go step 3 for get APK download link ဆိုတဲ့စာသားလေးပေါ်နှိပ်လိုက်ပါ။



အောက်ကပုံလေးလိုပေါ်လာရင် click here to download apk file ဆိုတဲ့စာသားလေးပေါ်ကို နှိပ်လိုက်ပါ။








အဲဒါဆိုရင်​​တော့ မိမိဖုန်းထဲကို စတင်​download ဆွဲ​နေပါပြီဗျာ။ ​အောက်​ကပုံလိုမျိုး​လေး​ပေါ်တဲ့ မိတ်​​ဆွေ​တွေက​တော့ နှစ်​သက်​ရာ downloader ​လေးကို​ရွေး​ပေးလိုက်​ရုံပါပဲ။ ကျွန်​​တော်​ဒီနည်းကို HTC ဖုန်းနဲ့လည်းစမ်းကြည့်​ပြီးပါပြီ။ downloadဆွဲလို့ရပါတယ်​။ website မှာက samsung အတွက်​သီးသန့်​လုပ်​​ပေးထားသလိုပုံစံဖြစ်​​နေတာ​ကြောင့်​ တခြားအမျိုးအစားနဲ့ကျွန်​​တော်​စမ်းကြည့်​ထားတာပါ။ အဆင်​​ပြေပါတယ်​။ စိတ်​၏ချမ်းသာခြင်း ကိုယ်​၏ကျန်းမာခြင်းနဲ့ပြည့်​စုံနိုင်​ကြပါ​စေဗျာ။

Wednesday, May 13, 2015

Android Phone မှ အင်တာနက်ကွန်နက်ရှင်ကို ပီစီတွင် အသုံးပြုသည့်အခါ ဘရောက်စာ၏ ဒေတာစားသုံးမှုကို နည်းပါးအောင် ပြုလုပ်ခြင်း

Desktop Version Website များဟာ Broadband Connection တွေအတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်လို့ မိုဘိုင်းဗားရှင်းဝက်ဆိုက် အပါအ၀င် အခြားဝက်ဆိုက်များထက် အရွယ်အစားကြီးမားပါတယ်။ 

 

အဲဒီအတွက် ဖုန်းမှာ Tether ပြုလုပ်ပြီး ကွန်ပြူတာမှာ အင်တာနက် အသုံးပြုရင် တစ်နည်းအားဖြင့် ဖုန်းမှ အင်တာနက်ကို ကွန်ပြူတာသို့ ထုတ်လွှင့်အသုံးပြုရင် သင့်ရဲ့ မိုဘိုင်းဒေတာများစွာ ကုန်ကျမှာ ဖြစ်ပါတယ်။

 

 

 အောက်ပါနည်းလမ်းတွေကတော့ မိုဘိုင်းဒေတာပမာဏကို ချွေတာ အသုံးပြုနေရသူတွေအတွက် အသုံးဝင်မှာ ဖြစ်ပါတယ်။

 

 

Click-To-Play Plugins ကို Enable လုပ်ပါ။

ဝက်ဆိုက်တော်တော်များများဟာ ကြော်ညာနဲ့ ဗီဒီယိုတွေအတွက် Flash Content တွေကို Embed လုပ်ထည့်သွင်းထားကြပါတယ်။ အဲဒီ Flash Content တွေဟာ အရွယ်အစားအားဖြင့် ကြီးမားကြပါတယ်။ Flash Content တွေကို Load ပြုလုပ်ခြင်းမှ ပိတ်ပင်ထားဖို့ ဘရောက်စာတွေမှာ ပါတဲ့ Click-To-Play Plugin Feature ကို Enable လုပ်ရမှာပါ။ ဒါဆိုရင် ၀က်ဆိုက်တွေ ဖွင့်ရင် Flash Content တွေကို အလိုအလျှောက် ပြသပေးမှာ မဟုတ်ဘဲ “ Click to run Flash” ကိုနှိပ်မှသာ ပြသပေးမှာ ဖြစ်ပါတယ်။ ဘရောက်စာတွေမှာ Click-To-Play Plugin ကို Enable လုပ်ဖို့အတွက်

Chrome

Settings ထဲသွားပြီး စာမျက်နှာအောက်ဆုံးရှိ Show advanced settings လင့်ကို နှိပ်ပါ။ Privacy Section အောက်မှ Content Settings ခလုတ်ကို နှိပ်ပါ။ Plug-ins ကဏ္ဍအောက်မှ Click to play ကို ရွေးချယ်ပေးပါ။

Firefox

Firefox Address Bar မှာ about:config လို့ရိုက်ပါ။ နောက်အဆင့်မှာ “ I’ll be careful… “ ကိုနှိပ်ပါ။ Search Box မှာ plugins.click_to_play လို့ရိုက်ပြီး ရှာပါ။ ရှာတွေ့ရင် နှစ်ချက်နှိပ်ပြီး Value မှာ True ဖြစ်အောင် ပြောင်းပေးပါ။ ပြီးရင် Firefox ကို Restart လုပ်ပေးပါ။

 

Images များကို Disable ပြုလုပ်ပါ။

ဓါတ်ပုံတွေကလည်း Bandwidth ကို တော်တော်စားသုံးပါတယ်။ ဒတ်စတော့ဗားရှင်း ၀က်ဆိုက်တွေမှ ဓါတ်ပုံတွေဆိုရင် ပိုမိုအသေးစိတ်ကျပြီး အရွယ်ကြီးမားပါတယ်။ အဲဒီဓါတ်ပုံတွေကို မပြသအောင် ပိတ်ထားနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဓါတ်ပုံတွေကို ပိတ်ထားရင်တော့ ၀က်ဆိုက်တစ်ခုကိုဖွင့်ကြည့်ရင် အောက်ကပုံမှာလို ဓါတ်ပုံတွေကို ပြသပေးခြင်း မရှိတော့ပါဘူး။

Chrome

Settings ထဲသွားပြီး စာမျက်နှာ အောက်ခြေရှိ Show advanced settings ကို နှိပ်ပါ။ Privacy ကဏ္ဍအောက်ရှိ Content Settings ခလုတ်ကို နှိပ်ပြီး Do not show any images ကို ရွေးပေးပါ။
Firefox
Address Bar မှာ about:config လို့ရိုက်ပြီး အန်းတားနှိပ်ပါ။ Search Box မှာ permissions.default.image လို့ရိုက်ရှာပါ။ ရှာတွေ့ရင် အဲဒီအပေါ်ကို Mouse Cursor ချပြီး Right-Click နှိပ်ပါ။ Modify ကိုရွေးပြီး Value ကို 2 ပြောင်းပေးပါ။

 

Opera Turbo ကို အသုံးပြုပါ။

Opera မှာ အခြား နာမည်ကြီး ဘရောက်စာများမှာ မပါတဲ့ စွမ်းဆောင်ချက်တစ်ခုပါရှိပါတယ်။ Opera ဘရောက်စာမှာ Opera Turbo ကို အသုံးပြုရင် သင်ကြည့်ရှုတဲ့ Web Pages များကို Opera ရဲ့ ဒေတာတွေကို ချုံ့ပေးတဲ့ Proxy ကနေ ဖြတ်သန်းစေမှာ ဖြစ်ပါတယ်။ အဲဒီအတွက် သင့် မိုဘိုင်းဖုန်းရဲ့ ဒေတာပမာဏကို သက်သာစေမှာပါ။
Opera Turbo ကို Enable လုပ်ဖို့အတွက် ဘရောက်စာရဲ့ အောက်ခြေမှ Opera Turbo Icon ကို နှိပ်ပြီး Enable Opera Turbo ကိုရွေးပါ။
Opera က HTTPS Pages များကိုတော့ သူတို့ရဲ့ Proxy ကနေ ဖြတ်သန်းစေမှာမဟုတ်ပါဘူး။ အဲဒီအတွက် သင့်ရဲ့ ပုဂ္ဂလိက ဒေတာများဟာ လုံခြုံစေမှာဖြစ်ပေမယ့် အဲဒီ Web Page များကို ချုံ့ပေးမှာ မဟုတ်ပါဘူး။

 

Mobile Website များကို Request လုပ်ပါ။

မိုဘိုင်းဝက်ဆိုက်များဟာ ဒတ်စတော့ဝက်ဆိုက်များထက်စာရင် Bandwidth အနည်းငယ်ကိုသာ အသုံးပြုပါတယ်။ သင့် ဒတ်စတော့ ဘရောက်စာရဲ့ User Agent ကို ပြောင်းလဲခြင်းဖြင့် မိုဘိုင်းဝက်ဆိုက်များအနေနဲ့ ကြည့်ရှုနိုင်ပါတယ်။ ဒတ်စတော့ ဘရောက်စာရဲ့ User Agent ကို ပြောင်းလဲပေးဖို့အတွက် အလွယ်ကူဆုံးက Extension များကို အသုံးပြုတာပါ။ Chrome နဲ့ Firefox အတွက် User Agent ကို ပြောင်းလဲပေးနိုင်တဲ့ Extension များကို Google Search မှာ user agent switcher for chrome or firefox စသဖြင့် ရှာဖွေနိုင်ပါတယ်။

 

ကြော်ညာများကို ပိတ်ပင်ပါ။

ဝက်ဆိုက်တွေမှာသာမက Facebook လို လူမှုကွန်ရက်တွေမှာပါ ကြော်ညာများစွာ ထည့်သွင်းထားကြပါတယ်။ အဲဒီကြော်ညာတွေက သင့်ရဲ့ မိုဘိုင်းဒေတာကို ကုန်ကျစေပါတယ်။ အဲဒီ ကြော်ညာတွေကို ပိတ်ပင်ထားနိုင်ဖို့ Browser Extension များကို အသုံးပြုနိုင်ပါတယ်။ Ad Blocker များစွာ ရှိပေမယ့် နာမည်အကြီးဆုံးကတော့ AdBlock Plus ဖြစ်ပါတယ်။ AdBlock Plus ကို Chrome, Firefox တို့မှာ အင်စတောလုပ်နိုင်ပါတယ်။

အထက်ပါနည်းလမ်းများအပြင် ဘရောက်စာ အလိုအလျှောက် Update ပြုလုပ်ခြင်းကို ပိတ်ထားခြင်း၊ အလိုအလျှောက် Windows Update ပြုလုပ်ခြင်းကို ပိတ်ထားခြင်းများကလည်း သင့်ရဲ့ မိုဘိုင်းဖုန်းမှ အင်တာနက် ကွန်နက်ရှင်ကို ပီစီမှာ အသုံးပြုတဲ့ အခြေအနေမှာ ဒေတာပမာဏ သက်သာစေမှာ ဖြစ်ပါတယ်။

Credit; Digital Life Journal 

 

Saturday, May 9, 2015

Android ဖုန်းတစ်လုံးကို ဘယ်လိုပေါ့အောင်သုံးကြမလဲ။

Android ဖုန်းတစ်လုံးကို ဘယ်လိုပေါ့အောင်သုံးကြမလဲ

ကျတော်တို့ Android ဖုန်းအသုံးပြုသူတွေ ကိုယ့်ဖုန်းကိုဘယ်လို ပေါ့ပေါ့ပါးပါးဖြစ်အောင်အသုံးပြုနေကြပါသလဲ။ကျတော့် အမြင်ကိုပြောပြချင်ပါတယ်။ Android ဖုန်းတစ်လုံးပေါ့ပါးနေစေအောင် အဓိကကတော့ Storage အပိုင်းပါပဲ။ကျတော်တို့ နေ့တိုင်းအသုံးပြုနေတဲ့ Application တွေပာာ တစ်ရက်ထက်တစ်ရက် data တွေတက်လာပါတယ်။ဥပမာပြောရရင် ကျတော်တို့ Facebook အသုံးပြုကြတယ်ပေါ့။ Facebook ကို Computer နဲ့ phone နဲ့ သုံးတာမတူပါဘူး။Computer ကနေသုံးကြတဲ့အခါ တစ်ခါသုံးပြီးရင် တစ်ခါ Log-out လုပ်ကြပါတယ်။ ဒါပေမဲ့ ကျတော်တို့ phone ကနေသုံးကြတဲ့အခါLog-out မလုပ်မိကြပါဘူး။ ဒီလိုဆို တစ်နေ့သုံးလိုက်တဲ့ data ပာာတက်လာပါတယ်။

တစ်နေ့ထက်တစ်နေ့ဆို data တွေပာာတဖြည်းဖြည်းများလာရင် storage ပိုင်းမှာ တက်လာပါတယ်။ ခုခေတ်ကြီးမှာတော့ Facebook တစ်ခုထဲမှမပာုတ်ပါဘူးViber , Skype , Tango စတဲ့ Application တွေကအစများပြားလာပါတယ်။ ဒီလိုဆိုတော့ တစ်နေ့ထက်တစ်နေ့ အသုံးပြုတဲ့data များလာသလို Storage ပိုင်းမှာလဲ ပြည့်လာပါမယ်။ ဒါကြောင့် ဖုန်းတစ်လုံးပေါ့ပါးစွာ အသုံးပြုနိုင်ရန်အတွက်Storage ပိုင်းကို စစ်ဆေးနေသင့်ပါတယ်။

Application က data တွေကိုတော့ ကျတော်တို့ Setting >>> Manage application ထဲကနေ၀င်ပြီး ကိုယ်နေ့စဉ်အသုံးပြုနေတဲ့ Application တွေကို Cleardata လုပ်ပေးနေမယ်ဆိုရင်တော့ သင့်ဖုန်းပာာအမြဲတမ်းပေါ့ပါးနေစေပါမယ်။ တစ်ချို့က ကိုယ့် account ကိုနှမြောလို့မလုပ်ချင်ကြတာတွေဖြစ်တက်ပါတယ်။အဲလိုကျရင်တော့ ကျတော်တို့ phone နံပါတ်တွေနဲ့ activate လုပ်ရတဲ့ application တွေဆို မလုပ်ချင်လဲရပါတယ်။Account နဲ့ ပြန်ဝင်နိုင်တဲ့ application တွေကိုတော့ clear data လုပ်ပြီးအသုံးပြုစေချင်ပါတယ်။

နောက်ဆုံးအခြေအနေမှာဆိုရင်ကျတော်တို့ ဖုန်းတစ်လုံးလုံး လေးလံပြီး Touch ပါမရွှေ့နိုင်တော့တဲ့ အခြေအနေကို ကြုံတက်ကြပါတယ်။ ဒီလိုဆိုရင်တော့reset ချရန်ထိလိုအပ်လာတက်ပါတယ်။ ဒီလိုခြေနေမှာဆိုရင် ဘာကိုမှ Backup လုပ်လို့မရတော့တဲ့အခြေအနေထိပါဖြစ်တက်ပါတယ်။အဲဒီလိုဖြစ်ရင် အရေးကြီးတာတော့ Contact & Photo ပေါ့။ ဒါကြောင့် အရေးကြီးမယ်ထင်တဲ့ data တွေကိုတော့ ကျတော်တို့တစ်နေ့ပြီးတစ်နေ့ Backup လုပ်ထားဖို့ပါ သတိပေးချင်ပါတယ်။

Remark >>> Interal များများအသုံးပြုလို့ရတဲ့ Phone တွေဆိုရင်တော့ မပြောလိုပါ။ Internal များများမပါတဲ့ Phone တွေကိုကိုင်ဆောင်သူတွေအတွက် ကိုယ်တွေ့လေးကို တင်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။ အမှားပါရင်တော့ ခွင့်လွှတ်ပေးစေချင်ပါတယ်။

Ko Htoo( MMAS )

Friday, May 8, 2015

ဖုန်းတစ်လုံးရဲ့ Battery ကို ကြာရှည်အသုံးခံအောင် ဘယ်လိုသုံးကြမလဲ။

ဖုန်းတစ်လုံးရဲ့ Battery ကို ကြာရှည်အသုံးခံအောင် ဘယ်လိုသုံးကြမလဲ။

ကျွန်​​တ်ာတို့ ဖုန်းတစ်လုံးမှာ Battery ကအရေးကြီးတယ်ဆိုတာတော့ လူတိုင်းသိပြီးသားဖြစ်ပါတယ်။Battery တစ်လုံးကို ကြာရှည်ခံအောင်အသုံးပြုနိုင်ဖို့လဲ လိုအပ်ပါတယ်။
ကျတော်တို့အများဆုံးကြုံတွေ့နေရတာကတော့ဖုန်းပူလာတာကို အများဆုံးကြုံတွေ့ရပါတယ်။ အဲလိုအခြေအနေမျိုးတွေမှာ User တော်တော်များများကတော့ service ဆိုင်ကိုအားကိုးတတ်​ကြပါတယ်။ အဲလိုအခြေအနေကျရင် ကျတော်တို့ကိုယ်တိုင်အဖြေရှာစေချင်ပါတယ်။

ဘာကြောင့်ဒီလိုပူရတာလဲ ???

အဓိကနေရာကတော့ ကျတော့်အတွေ့ကြုံရတော့ Battery နားကပူတာများပါတယ်။ ဒါဆိုဘာလို့ပူတာလဲ ဆိုတာကိုကျတော်တို့တွေးရပါမယ်။ ကျတော်ကြုံတွေ့ရတာတော်တော်များများကတော့ ဒီလိုအခြေအနေမျိုးတွေမှာ လိုင်းဆွဲအားကြောင့်ဖြစ်တာများပါတယ်။ လိုင်းဆွဲအားမမိတဲ့နေရာတွေမှာဆို ဖုန်းရဲ့ Processor အရ အလုပ်လုပ်နိုင်တဲ့စွမ်းရည်ပာာလဲကွာခြားသွာပါတယ်။ ဖုန်းတစ်လုံးပာာ အလုပ်လုပ်ရတာများလာရင် Battery ပိုင်းမှာလဲသွားပြီး Effect ဖြစ်ပါတယ်။ဒါကြောင့် ဖုန်းတစ်လုံးရဲ့ Battery ပိုင်းကို ကျတော်တို့ကြာရှည်အသုံးခံအောင် စဉ်းစားရပါပြီ။

တစ်ချို့ဆို သီချင်းနားထောင်ရင်းGame ကစားတာတို့ လုပ်တက်ကြပါတယ်။ ဒီလိုဆိုရင်တော့ ဖုန်းပာာအလုပ်နှစ်ခုကို တစ်ခါထဲလုပ်ရပါပြီ။ ဒါဆို ဖုန်းရဲ့ Battery ပိုင်းမှာလဲနှစ်ခုစာအတွက် အလုပ်လုပ်ပေးရတာကြောင့် ပူလာနိုင်ပါတယ်။ ဖြစ်နိုင်ရင်တော့ အဲဒီလိုအသုံးပြုခြင်းတွေကိုရှောင်ရှားနိုင်မယ်ဆိုရင်တော့Battery ခံနိုင်ရည်အားကိုအထောက်အကူဖြစ်စေပါမယ်။

ဖုန်းကိုအားသွင်းရင် Game ဆော့တာပဲဖြစ်ဖြစ် Video ကြည့်တာ Facbook အသုံးပြုတာပဲဖြစ်ဖြစ် အဲလိုမျိုးအသုံးပြုခြင်းတွေကိုလဲ ရှောင်ရှားသင့်ပါတယ်။ ဖုန်းရဲ့အားသွင်းခြင်းကိုလဲ အကြံပြုချင်ပါတယ်။ဖုန်းကိုအသုံးပြုတဲ့နေရာမှာ Battery အားကို အကုန်သုံးပစ်ခြင်းကိုရှောင်ရှားပေးစေချင်ပါတယ်။ ဖုန်းတစ်လုံးရဲ့ Battery ကိုအကုန်သုံးလိုက်မိရင် အားပြန်သွင်းရတဲ့အခါ အကြာကြီးပြန်သွင်းရတာထက် Battery ရဲ့ခံနိုင်ရည်အားကိုပါလျော့ကျစေပါတယ်။

ဖုန်းတစ်လုံးကို Battery % 30 အောက်ဆိုရင် အားပြန်သွင်းပြီးအသုံးပြုတာသင့်တော်ပါတယ်။ Battery အားကိုလဲ 90% ကျော်ကျော်လောက်ဆိုလုံလောက်ပါပြီ။ ဒါကြောင့် ကျတော်အကြံပေးချင်တာကတော့ ဖုန်းတစ်လုံးရဲ့ Battery ပိုင်းကို ကျတော်တို့ကြာရှည်ခံနိုင်စေရန်ကိုယ့်နည်းကိုယ့်ပာန်နဲ့ အဆင်ပြေအောင်အသုံးပြု ကြပါလို့ပါ တိုက်တွန်းပေးလိုက်ပါတယ်။ကျတော် အကြံပြုပေးခြင်းမှာ တစ်စုံတစ်ရာ လိုအပ်ချက်ရှိခြင်း / အမှားပါခြင်းများရှိခဲ့ရင် ခွင့်လွှတ်ပေးစေချင်ပါတယ်။

Ko Htoo( MMAS )

Smart Phone အသုံးပြုသူများသိထားသင့်​တာ​တွေ

၁။ Smart Phone တစ်လုံး၏ကင်မရာများကိုယခုအခါသူ့ထက်ငါအပြိုင်အဆိုင်များဖြင့် Megapixels များမြင့်၍ထုတ်လုပ်ကြသည်ကိုတွေ့ လာရသည် Megapixels များမြှင့်တင်ခြင်းဖြင့် ဓာတ်ပုံ ကောင်းများရရှိနိုင်သည်ဟုသောအယူအဆဖြင့် pixel မြင့်ဖုန်းများဝယ်ယူကြသည်။Megapixels သည် ဓာတ်ပုံ အရွယ်အစားအနုစိတ်ကိုသာအဓိကထားသဖြင့်Pixel များလေပုံSizeကိုချဲပြီးဓာတ်ပုံထုတ်နိုင်ခြင်းဖြစ်ပြီး ဓာတ်ပုံ ၏အရည်အသွေး ကောင်းမွန်ရန်မှာမှု အာရုံခံ Sensor များနှင့် တိကျပြတ်သားစေရန် Aperture size တို့ကသာပိုမိုအရေးပါသည်။

၂။Smart phone များတွင်ယနေ့ Core များဖြင့် လုပ်ဆောင်နိုင်စွမ်းများကိုမြှင့်တင်ပေးရာ လက်ရှိ Octa coreသည် Core 8လုံးအလုပ်လုပ်သော CPU အမျိုးအစားဖြစ်သည်။ သို့သော် Core အရေအတွက်ထက် ထုတ်လုပ်သည့် ကုမ္ပဏီ မှအရည်အသွေးကောင်မွန်ပါက core အရေအတွက်နှင့်မဆိုင်ကြောင်းကို Mediatak မှထုတ်လုပ်သော Octa core CPU များ၏လုပ်ဆောင်နိုင်မှုမှာ Snapdragon မှထုတ်သော ထိပ်တန်းအဆင့် Quad core များကိုမကျော်နိုင်ခြင်းဖြင့်တွက်ချက်နိုင်သည်။

၃။ Smart Phone များကိုယနေ့တွင်ပိုမိုအသုံပြုနိုင်ရန် ဘက်ထရီ သိုလှောင် စွမ်းများကိုတိုး၍ထုတ်လာခဲ့သည် သိုသော် Asus ၏ Zenfone 2၏3000mAh battery မှာတကြိမ်အားသွင်းပြီး standby mode ထားပါ က ၁၂ နာရီ ခန့်ဖြင့်စွမ်းအင်ကုန်သွားပြီး Micromax Smart Phone Company ထုတ် Yu Yureka အမျိုးအစားမှာ 2500 mAh battery သိုလှောင် စွမ်းရှိပြီး ၃၆ နာရီမှာကုန်ဆုံးသဖြင့် ဘက်ထရီ Capicity နှင့် မဆိုင်ပဲ Screen size,Core,Ramများနှင့်လည်းဆိုင်သည်။

၎။ Smart phone များတွင် Auto Brightness အလိုအလျောက်အလင်းမြှင့်တင်ပေးခြင်း၊ Bluetooth ဖွင့်ထားခြင်း၊Live Wallpaper အသုံးပြုပါက Battery သက်တမ်းကိုထိခိုက်စေပြီး ယင်းတို့ကိုပိတ်ထားပြီး အသုံးပြုပါက ပိုမိုကြာရှည်စွာအသုံးပြုနိုင်မည်ကိုတွေ့  ရမည်ဖြစ်ပြီး အားသွင်းလျက်ဖုန်းအသုံးပြုခြင်းသည် ဖုန်းကိုများစွာထိခိုက်စေသည်။

၅။ သံလိုက်ဓာတ်သည် သင့်ဖုန်း မှတ်ဥာဏ်ကိုပျက်စီးစေသောကြောင့် ဖုန်းများကို Magnetic Wave ရှိသော ပစ္စည်းများ နှင့် Magnetic များနှင့်ဝေးသောနေရာမှာထားသင့်သည်။

 Credit : Phone News Up To Date

MPPG MTK IMEI Write Tool

MPPG က ရေးတဲ့ Tool ဖြစ်ပါတယ်..
MTK Android device တွေမှာ အကြောင်း တစ်စုံတစ်ရာကြောင့် { Software error } IMEI ပျက်သွားတယ် ပျောက်သွားတယ် ဆိုရင် ပြန်ရေးလို့ ရတဲ့ Application တစ်ခုပါ
google မှာ Solution များစွာ Tool များစွာ ရှိပီး ဒီဟာလေးကတော့ အလျှင်မြန် အထိရောက်ဆုံးဖြေရှင်းနိုင်မယ့် Tool တစ်ခုပါ.
ဖုန်းမှာ root access ရှိရပါမယ်
IMEI 1 နဲ့ 2 မှာ IMEI ဖြည့်ပါ
တစ်ခုပဲပါလည်း အဲ့ဒီ တစ်ခုကိုပဲ ၂ နေရာဖြည့်ပါ.. ပြီးရင် Write IMEI ကို နှိပ်ပေးလိုက်ပါ
ဖုန်း restart ဖြစ်သွားရင် ရပါပြီ

DOWNLOAD

Credit to : MPPG

Monday, April 20, 2015

ဖုန်းအတွင်းပိုင်း hardware အကြောင်း

ဖုန်းအတွင်းပိုင်း hardware အကြောင်း
==========================

Boost Coil

Boost Coil ရဲ့ အရွယ် အစားက သာမာန် အကြွေစေ့ထက် အနည်းငယ်ပိုကြီးပါတယ်၊ သူ့အရောင်က အနက်ရောင်ဖြစ်ပြီး၊ နှိပ်လို့ရတဲ့ ခလုပ်တစ်ခုနဲ့တူပါတယ်၊ သူ့ရဲ့ အလုပ်လုပ်တဲ့ Function က လျှပ်စစ်စီးကြောင်း မြင့်တင်ပေးဖို့ပါ၊ Boost Coil ပျက်ရင်တော့လဲပေါ့၊

Coil

Coil ကိုတော့ ဖုန်း PCB တစ်ရှောက် နေရာတိုင်းမှာတွေ့နိုင်ပါတယ်၊ အရွယ်အစားလဲ အမျိုးမျိုး နဲ့ရှိပါတယ်၊ Coil တွေကို အရောင်နှစ်မျိုးနဲ့ တွေ့ရှိပါတယ်၊ နက်ဖြူ ရောင်နဲ့ ပြာဖြူရောင်တို့ပါ၊ သူတို့ အထဲမှာ ကြေးနီကြီုးတွေ ရစ်ပက်ထားတာ တွေ့နိုင်ပါတယ်၊သူရဲ့ အလုပ်ကတော့ လျှပ်စစ်စီးကြောင်းနဲ့ လျှပ်စစ်ဗို့အား ကို ရှော့ချပေးရပါတယ်၊

Capacitor

ဖုန်းထဲမှာ Capacitor သုံးမျိုးပါရှိပါတယ်၊None-Electrolytic Capacitor: Phone ရဲ့ PCB ထဲက နေရာပေါင်းစုံမှာ Non-Electrolytic Capacitor ကို တွေ့နိုင် ပါတယ်၊ သူ့က Chip resistance ရဲ့ အရွယ်ထက်နည်းနည်းပိုမြင့်ပါတယ်၊ သူ့အရောင်က အညို ၊ အ၀ါ ၊ မီးခိုးရောင် တွေပါ၊ သူ့မှာ Positive အပေါင်း တို့ Negativ အနုတ်တို့မရှိပါဘူး၊ သူ့အလုပ်က တိုက်ရိုက် လျှပ်စစ် ကို စစ်ထုတ်ပေး ရတာပါ၊Electrolytic Capacitor: ကိုလဲ ဖုန်းရဲ့ PCB တစ်လျှေက်လုံးမှာ တွေ့ရပါတယ်၊ သူ့အရွယ်အစားက အထက်က ရှင်းခဲ့တဲ့ None-Electrolytic ထက်ပိုပီး ကြီးပါတယ်၊ သူ့ကို အ၀ါရောင် ပေါ်မှာ အညိုရောင် အဆင်းတွေနဲ့ တွေ့နိုင်သလို အနက်ရောင်ပေါ်မှာ အဖြူရောင် အဆင်းတွေနဲ့လဲ တွေ့နိုင်ပါတယ်၊ အဆင်းတွေပါတဲ့ ဘက်က Positive အပေါင်း ဖြစ်ပီး အဆင်းမပါတဲ့ အပိုင်း ကတော့ Negative အနုတ်ဘက်ဖြစ်ပါတယ်၊ သူ့အလုပ်က လျှပ်စစ် စစ်ထုတ်ဖို့နဲ့ သိုလှောင်ဖို့ အတွက်ပါ၊Network Capacitor တွေကိုလဲ ဖုန်းရဲ့ အစိတ်အပိုင်း အားလုံးမှာရှာတွေ့နိုင်ပါတယ်၊ သူ့ကို Non-Electrolytic Capacitors နှစ်ခု (သို့) နှစ်ခုထက်ပိုတဲ့ ပမာဏတွေနဲ့ ပေါင်းစပ်ပီး လုပ်ထားတာပါ၊CouplerCoupler ကတော့ လျှပ်စစ် Hardware (component) တစ်ခုဖြစ်ပါတယ်၊ သူ့ကို ဖုန်းရဲ့ Network Section မှာရှာတွေ့နိုင်ပါတယ်၊ သူ့ရဲ့ အရောက်က အနက် သို့မဟုတ် အဖြူရောင်ဖြစ်ပါတယ်၊ သူ့မှာ ပင်(pins) ၁၂ ခုပါတယ်၊ ဘယ်ဘက် ၆ ခု ညာဘက် ၆ ခုပေါ့၊ သူ့အလုပ်က Network ကိုစစ်ထုတ်ပေးဖို့ပါ၊ Coupler ပျက်ရင် ဖုန်း Network ပျက်ပါပီ၊DiodeDiodes အမျိုးအစား ၄ မျိုးရှိပါတယ်၊

Rectifier Diode တွေကိုတော့ အနက်ရောင် နဲ့ တွေ့ရမှာဖြစ်ပီး သူ့ရဲ့ အလုပ်က AC လျှပ်စစ်ကနေ DC လျှပ်စစ်ကိုပြောင်းပေးတာပါ၊ သူပြောင်းပေးတဲ့ လျှပ်စစ်တွေကို ဦးတည်ရာ လမ်းကြောင်းတစ်နေရာထဲကိုပဲဖြန့်ပေးပါတယ်၊ လမ်းကြောင်းပြောင်းပြန် လျှပ်စစ်ဖြန့်တာတွေဘာတွေမလုပ်ဘူး၊LED ကိုတော့ အဖြူနဲ့ အ၀ါဖျော့ အရောင်နဲ့ တွေ့ရမှာဖြစ်ပီး သူ့အလုပ်ကတော့ အလင်းရောင် ထုတ်လွင့် ပေးဖို့ဖြစ်ပါတယ်၊

Zener Diode ကိုတော့ ဘယ်ထရီ အားဖြည့်တဲ့ အစိတ်အပိုင်းမှာတွေ့ရမှာဖြစ်ပီး သူ့ရဲ့ အလုပ်က လျှပ်စစ် စစ်ထုတ်ပေးခြင်းနဲ့ လျှပ်စစ်ပမာဏကို အသေးဆုံးဖြစ်အောင်ချုံ့ခြင်းစစ်ထုတ်ပီး ချုံ့ပြီး လျှပ်စစ်ကို ဆက်လက်စီဆင်းစေခြင်းတို့ပါ၊

Zener diode မှာ ရှိတဲ့ လျှပ်စစ် သိုလှောင် တဲ့အခါ 4V , 6V, 8V စသဖြင့် တိကျတဲ့ သိုလှောင်တဲ့ စနစ်ကိုသုံးပါတယ်၊

Photo Diode ကိုတော့ အနီအောင်ရောင်ခြည် ဖမ်းဖို့အတွက် အသုံးပြုပါတယ်၊

Regulator

Regulator လို့ခေါ်တဲ့ Hardware Component ကို ဖုန်းရဲ့ အစိတ်အပိုင်း မျိုးစုံမှာတွေ့နိုင်ပါတယ်၊ သူ့ရဲ့ အရောင်က အနက်ရောင်ဖြစ်ပီး ပင်(pins) ၅ ခု (သို့) ခြောက်ခုပါတယ်၊သူ့ရဲ့ အလုပ်က လျှပ်စစ် စစ်ထုတ်ပေးပီး ဗို့အားတွေကို ထိန်းချုပ်ပေးတာ၊

Resistor

Resistance လို့ခေါ်ခေါ် Resistor လို့ခေါ်ခေါ်ပေါ့၊ PCB ပေါ်မှာ resistance နှစ်မျိုးရှိပါတယ်၊Chip Resistance ကို ဖုန်းရဲ့ နေရာ အစိတ်အပိုင်း အစုံမှာတွေ့နိုင်ပါတယ်၊သူ့အရောင်က အနက်ရောင်၊ တစ်ချို့ဖုန်းတွေ မှာတော့ အပြာနဲ့ အစိမ်းရောင်တွေနဲ့ တွေ့နိုင်ပါတယ်၊ သူ့ရဲ့ အလုပ်တွေကတော့ လျှပ်စစ်စီးကြောင်းကရဲ့ ပမာဏကို ရှော့ပေးပီး ဆက်လက်စီးဆင်းစေပါတယ်၊

Network Resistance ကိုလဲ ဖုန်းရဲ့ အစိတ်အပိုင်းပေါင်းစုံမှာတွေ့နိုင်ပါတယ်၊ သူ့ကို Chip Resistance နှစ်ခု(သို့) နှစ်ခုထက်ပိုတဲ့ ပမာဏနဲ့ ပြုလုပ်ာထားပါတယ်၊TransistorTransistor တွေကိုဖုန်းရဲ့ အစိတ်အပိုင်း အားလုံးမှာတွေ့နိုင်ပါတယ်၊ သူ့ရဲ့ အရောင်က အနက်ရောင်ပါ၊ သူ့မှာ ပင်(pins) သုံးခုပါပါတယ်၊ သူ့အလုပ်ကတော့ switching လုပ်တဲ့အလုပ်ပါ၊

Credit : BrighterMyanmar

Ref :Mobile Informer

Y523-L076,Android 4.4, EMUI2.0,V100R001CHSC01B021 < Official Firmware

Y523-L076,Android 4.4, EMUI2.0,V100R001CHSC01B021 < Official Firmware

CLICK HERE TO DOWNLOAD

Saturday, April 18, 2015

Photoshop ဖြင့်မျက်နှာများမှ ဝက်ခြံများကို ဖျက်နည်းစာအုပ် How to Remove Acne in Photoshop Size(8.9)MB

Photoshop နှင့် မျက်နှာများမှ ဝက်ခြံများကို ဖျက်နည်းလေးကိုတင်ပေးလိုက်ပါတယ်။ပုံထဲကအတိုင်းဖြစ်အောင်လုပ်​တဲ့နည်းလမ်းလေးပါ စာအုပ်အဖြစ်ပြုလုပ်ထားပါတယ် လိုအပ်သူများဒေါင်းယူနိုင်ပါတယ်

DownLoad

Thursday, April 16, 2015

Lock လုံဝပြန်​မကျ​အောင်​ Facebook account ဖွင့်​နည်း

Lock လုံဝပြန်​မကျ​အောင်​ Facebook account ဖွင့်​နည်း
ပထမဆုံး ​အောက်​က apk ၂ ခု ကို ​ဒေါင်းပြီး install လုပ်​ထားပါ

   
       << Download >>

        <<  Download >>

Internet ဖွင့်​ထားပြီး Hola apk ကို ဖွင့်​ပြီး Text now apk ကိုရှာလိုက်​ပါ ပုံမှာ ပြထားပါတယ်
Gmail အ​ကောင့်​တစ်​ခုရှိရပါမယ်​ Text now ထဲ​ရောက်​သွားပြီ ဆိုရင်​ Creat account ကိုနှိပ်​ပြီး သူပြထားတဲ့အတိုင်းဖြည့်​ပြီး Creat လုပ်​ပါ Area code ​တောင်းလာပါလိမ့်​မယ်​ 414, 441 ကြိုက်​ရာထည့်​​ပေးလိုက်​ရင်​ ဖုန်းနံပါတ်​တစ်​​ခုပေးပါလိမ့်​မယ်
အားလုံးပြီးသွားရင်​ ပုံမှာပြထားတဲ့ စာ​ကြောင်း​လေးကို မှတ်​ထားပါ
ဥပမာ minwinzin@textnow.me
အဲ့ဒါကအ​ရေကြီးဆုံး​နော်​ ဖုန်းနံပါတ်​မလိုဘူး
ကဲမှတ်​ပြီးပြီဆိုရင်​ Browser တစ်​ခုခုက​နေ facebook sign up လုပ်​ဖိုသွားလိုက်​ပြီး first name, last name ကို အင်္ဂလိပ်​လိုပဲထည့်​​ပေးပါ ​နောက်​မှ ဗမာလိုပြန်​​ပြောင်းချင်​ရင်​​ပြောင်း​ပေါ့ဗျာ
Gmail or phone number မှာ​တော့ အ​စောက မှတ်​ထားတဲ့ လိပ်​စာ​လေးကို ထည့်​​ပေးလိုက်​ပါ အသက်​က​တော့ ၁၈ နှစ်​​တော့​ကျော်​ပ​စေ​ပေါ့ အားလုံးဖြည့်​ပြီးလို Creat လုပ်​ပြီးရင်​ Comfirm code ​တောင်းတဲ့​နေရာ​ရောက်​သွားပါပြီး  အဲ့အတွက်​ Text now apk ကို Home key နှိပ်​ပြီး  ပြန်​သွားကြည့်​လိုက်​ရင်​ code အတွက်​ message ​ရောက်​​နေပါပြီ အဲ့code ကိုမှတ်​ပြီး အ​စောက Browser ကို ပြန်​သွားပြီး ဖြည့်​လိုက်​ပြီး comfirm လုပ်​လိုက်​ရင်​ အ​ကောင့်​တစ်​ခုရပါပြီး ကျန်​တဲ့အဆင်​​တွေက​တော့ ကြိုက်​သလိုသာထည့်​​ပေ​တော့

မှတ်​ချက်​ invite friend ကို အ​ယောက်​ ၂၀ ထက်​မပိုပါ​စေနဲ့ ၁၅ ရက်​​ကျော်​မှထပ် ​Add ပါ ပို့စ်​နှစ်​ခု​လောက်​တင်​ပါ Like ၅ ခု​လောက်​လုပ်​​ပေးထားပါ
ကဲအာင်​မြင်​ကျပါ​စေဗျာ

Credit to ပန်းလှိုင်​သား​လေးနည်းပညာ