Ad

Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

Saturday, May 9, 2015

လေ့လာထားသင့်သည် လျှပ်စစ် ဖော်မြူလာ

Current တို့ Ampere တို့ Volt တို့ ဆိုတာ အခြေခံပညာ အထက်တန်းလောက်တုန်းက Physicဘာသာရပ်ထဲမှာ သင်ခဲ့ရတာပါ။ ဒါပေမယ့်  ဒိ voltage formula၊ current formula တွေကို  လက်တွေ့နယ်ပယ်နဲ့ ဆက်စပ်ပြီး ဘယ်လို အသုံးချမလဲဆိုတာက စဉ်းစားကြည့်စရာပါ။ အထူးသဖြင့် IT သမားတစ်ယောက်အနေနဲ့ ဒီ Electronic အခြေခံ formula တွေ သိကိုသိထားရမှာပါ။ဥပမာ ကိုယ့်ကွန်ပျူတာရဲ့ power supply က 500 Watt ရှိတယ်ဆိုပါတော့။ ကိုယ့်ရဲ့ အိမ်သုံးမီတာကလာတဲ့ မီအားသည် computer system ရဲ့ သုံးစွဲအားကို လက်ခံနိုင်ပါ့မလားဆိုတာ သံသယဖြစ်စရာပါ။
သံသယအဆင့်နဲ့ ရပ်မနေပါနဲ့။ ရှင်းရှင်းလင်းလင်း သိအောင် ကြိုးစားပါ။ ဘယ်လိုကြိုးစားရမှာတုန်း။အရမ်းကို ခက်ခဲပါတယ်။ အဟီး။ ဒီဆောင်းပါးလေးကို အစကနေ အဆုံး နားလည်တဲ့အထိ ဖတ်ပေးလိုက်ပါ။အားလုံး အဆင်ပြေလွယ်ကူသွားပါလိမ့်မည်။ပထမဦးဆုံး voltage၊ Ampere နဲ့ Watt တို့အကြောင်းကို  ပြန်နွေးလိုက်ကြရအောင်။Ampere ဆိုတာက  current ရဲ့ Unitဖြစ်ပါတယ်။ Current ဆိုတာက ဓာတ်အားပေးစက်ရုံရဲ့ Transformar ကနေ အိမ်သုံးမီတာကြားမှာ စီးနေတဲ့ လျှပ်စီးကို ပြောတာ ဖြစ်ပါတယ်။ အဲဒီလျှပ်စီးအားတွေကို  Transformaer ကနေ အိမ်သုံးမီတာ ဆီရောက်အောင် အားတစ်ခုနဲ့တွန်းပို့လိုက်ပါတယ်။ အဲဒီ တွန်းပို့လိုက်တဲ့အားကို Voltage လို့ခေါ်ပါတယ်။ သူ့ရဲ့ Unit ကတော့Volt(V)ပါ။ မြန်မာနိုင်ငံမှာ သုံးစွဲနေတဲ့ Volt အားသည် 220 Volt ရှိပါတယ်။ ဘာကြောင့် ဒါကို   ပြောရ သလဲဆိုလျင် အချို့နိုင်ငံတွေမှာ110 Volt သုံးနေလို့ပါပဲ။

ဒီအဆင့်မှာ Transformer က တွန်းပို့လိုက်တဲ့ လျှပ်စီးအားတွေဟာ အိမ်သုံးမီတာဆီကို ရောက်ရှိလာပါပြီ။ အိမ်သုံး မီတာကနေမှတဆင့် ကျွန်တော်တို့ သုံးစွဲလိုက်တဲ့ လျှပ်စီးအားတွေကို Watt လို့ခေါ်ပါတယ်။ကဲ အစကို ပြန်သွား လိုက်ရအောင် ကွန်ပျူတာရဲ့ power supply က 500 Watt သုံးမယ်။ အိမ်သုံးမီထာမှာvolt အားက 220 အပြည့် ရှိမယ်။ ကျွန်တော်တို့ Ampere ဘယ်လောက်သုံးနိုင်သလဲ။Watt ရယ်၊ Volt ရယ် Ampere ရယ် ဒီသုံးခုရဲ့ ဆက်သွယ်ချက် formula ရှိပါတယ်။ အောက်မှာဖော်ပြထားပါတယ်။

Watts = Ampere x Volts

ဒီ formula ကနေ watts ကို တွက်ထုတ်နိုင်ပါယ်။ Ampere နဲ့ Volt ပေါင်းကိုလည်း တွက်ထုတ်နိုင်ပါတယ်။
အပေါ်က formula ကိုသုံးပြီးတွက်လို့ရပါတယ်။ ညီမျှခြင်းကိုတော့ နည်းနည်း ပြောင်းရပါလိမ့်မယ်။ မူရင်းညီ မျှခြင်းက Wattsသည် Ampere နဲ့ Volt ရဲ့ မြှောက်လဒ်နဲ့ တိုက်ရိုက်အချိုးကျပါတယ်။ Ampereကို လိုချင်တဲ့အခါ watts ကို voltage နဲ့ စားရပါလိမ့်မယ်။ ဒီအခါမှာ formula သည် watts/volts=Ampere ဆိုပြီး ဖြစ်သွား ပါလိမ့် မယ်။ ညီမျှခြင်းမှာ watt နဲ့Ampere သည် တိုက်ရိုက် အချိုးကျပါတယ်။ Ampere နှင့်volts သည် ပြောင်းပြန် အချိုး ကျပါတယ်။

အဓိပ္ပါယ်က  သုံးစွဲတဲ့ watt အားများလေလေ Ampere ဆွဲအားများလေလေ ဖြစ်ပြီးတော့ voltအားများလေလေ    Ampereဆွဲအားနည်းလေလေ ဖြစ်ပါတယ်။ ရှုပ်သွားပြီလား။နောက်တစ်နည်း ပြန်ရှင်းပြပါမယ်။ ကိုယ်က watt နည်းနည်းပဲသုံးလျင်ampere နည်းနည်းပဲရှိမှာပါ။ မီတာမှာရှိနေတဲ့ volt အားနည်းနေပြီ ဆိုရင်တော့ Ampere ဆွဲအားများနေမှာ ဖြစ်ပါတယ်။ အဲဒီတော့ Ampere တိုးလာမှာပေါ့။ ဒါဆို volt အားကျနေပြီဆိုလျင် Ampere များမယ်။ ကိုယ်သုံးစွဲလိုက်တဲ့wattအားလည်းတက်လာမယ်။ ဒီတော့ volt အားကျနေတဲ့ အချိန်မှာ ကိုယ်သုံးတဲ့ watt အားကိုလည်း မလျှော့ဘဲသုံးနေတယ်ဆိုလျင် မီတာ ပိုတက်မှာပေါ့။

ဘာကြောင့် Ampere ကို အဓိကထားပြီး ရှင်းနေရတာလဲ။ ဒီလိုမေးရင် အဖြေရှိပါတယ်။ အိမ်သုံးမီတာသည် ပျမ်းမျှခြင်းအားဖြင့်20 Ampere  ထက်ပိုသော လျှပ်စီးအားကို ခံနိုင်ရည်မရှိလို့ပါ။ ကိုယ့်အိမ်မှာရှိတဲ့ ကွန်ပျူတာ အပါအ၀င် TV၊ ရေခဲသေတ္တာ အစရှိတဲ့ လျှပ်စစ်ပစ္စည်းပေါင်းစုံကနေ 20 Ampere ထက်ကျော်သုံး မိတယ်ဆို လျင်တော့ အဲဒီပစ္စည်းအတွက် မီးအားအပြည့်အ၀မရရှိမှုနဲ့ Short ဖြစ်ရင်ဖြစ်၊ အဲလိုမှ မဟုတ်လျင်တော့ မီတာလောင်ပြီလို့သာ သတ်မှတ်လိုက်ပါတော့။

ဥပမာ ပုစ္ဆာတပုဒ်တွက်ကြည့်ရအောင်။ အပေါ်ကပြောသလိုပဲ Power Supply 500 watt ရှိတဲ့ ကွန်ပျူတာ တစ်လုံး ဟာ voltအား 220 မှာ Ampere ဘယ်လောက်ဆွဲနိုင်သလဲဆိုတာ တွက်ကြည့်ကြရအောင်။ အပေါ်ကပြောင်းထား တဲ့ formula ကို ဖြန့်ချရေးကြည့်မယ်။ Ampere ကို လိုချင်လျင်  Ampere =watt/volt ဆိုတော့ Ampere=500/ 220 (Ampere=2.27)2.27 Ampere ရပါတယ်။ 20 Ampere ပြည့်ဖို့အများကြီး လိုနေသေးတာပဲဆိုပြီး ၀မ်းမသာ လိုက်ပါနဲ့ဦး။ဖြုန်းဆို မီးအားက ကျသွားပါလေရော။ မီတာမှာ ကြည့်လိုက်တော့ 180 volts တဲ့။ ပြန်တွက်ကြည့်ကြတာပေါ့လေ။

Ampere=watt/volt =500/180 =2.78

2.78 Ampere ကို ရောက်သွားပါရောလား။ ကိုသုံးလိုက်တဲ့ လျှပ်စစ်ပစ္စည်းပေါင်းစုံက Ampere ဆွဲအားသည် တွက်ကြည့်လိုက်လို့ 20 Ampere ထက်ကျော်နေပြီ ဆိုလျင်တော့ တစ်ခုခုကိုလျှော့ပစ်လိုက်ဖို့လိုအပ်ပါပြီ။ Internet ဆိုင်တစ်ခုမှာ အနည်းဆုံး သူ့မှာ ကွန်ပျူတာအရေအတွက် (၁၂)လုံးရှိတယ်ဆိုပါစို့။စက်တစ်လုံးကို 2.27A သုံးမယ်ဆိုလျင် စက်(၁၂)လုံးကို 27.24 Ampere ဖြစ်နေပြီလေ။



Credit to MCT

Friday, May 8, 2015

ဖုန်းတစ်လုံးရဲ့ Battery ကို ကြာရှည်အသုံးခံအောင် ဘယ်လိုသုံးကြမလဲ။

ဖုန်းတစ်လုံးရဲ့ Battery ကို ကြာရှည်အသုံးခံအောင် ဘယ်လိုသုံးကြမလဲ။

ကျွန်​​တ်ာတို့ ဖုန်းတစ်လုံးမှာ Battery ကအရေးကြီးတယ်ဆိုတာတော့ လူတိုင်းသိပြီးသားဖြစ်ပါတယ်။Battery တစ်လုံးကို ကြာရှည်ခံအောင်အသုံးပြုနိုင်ဖို့လဲ လိုအပ်ပါတယ်။
ကျတော်တို့အများဆုံးကြုံတွေ့နေရတာကတော့ဖုန်းပူလာတာကို အများဆုံးကြုံတွေ့ရပါတယ်။ အဲလိုအခြေအနေမျိုးတွေမှာ User တော်တော်များများကတော့ service ဆိုင်ကိုအားကိုးတတ်​ကြပါတယ်။ အဲလိုအခြေအနေကျရင် ကျတော်တို့ကိုယ်တိုင်အဖြေရှာစေချင်ပါတယ်။

ဘာကြောင့်ဒီလိုပူရတာလဲ ???

အဓိကနေရာကတော့ ကျတော့်အတွေ့ကြုံရတော့ Battery နားကပူတာများပါတယ်။ ဒါဆိုဘာလို့ပူတာလဲ ဆိုတာကိုကျတော်တို့တွေးရပါမယ်။ ကျတော်ကြုံတွေ့ရတာတော်တော်များများကတော့ ဒီလိုအခြေအနေမျိုးတွေမှာ လိုင်းဆွဲအားကြောင့်ဖြစ်တာများပါတယ်။ လိုင်းဆွဲအားမမိတဲ့နေရာတွေမှာဆို ဖုန်းရဲ့ Processor အရ အလုပ်လုပ်နိုင်တဲ့စွမ်းရည်ပာာလဲကွာခြားသွာပါတယ်။ ဖုန်းတစ်လုံးပာာ အလုပ်လုပ်ရတာများလာရင် Battery ပိုင်းမှာလဲသွားပြီး Effect ဖြစ်ပါတယ်။ဒါကြောင့် ဖုန်းတစ်လုံးရဲ့ Battery ပိုင်းကို ကျတော်တို့ကြာရှည်အသုံးခံအောင် စဉ်းစားရပါပြီ။

တစ်ချို့ဆို သီချင်းနားထောင်ရင်းGame ကစားတာတို့ လုပ်တက်ကြပါတယ်။ ဒီလိုဆိုရင်တော့ ဖုန်းပာာအလုပ်နှစ်ခုကို တစ်ခါထဲလုပ်ရပါပြီ။ ဒါဆို ဖုန်းရဲ့ Battery ပိုင်းမှာလဲနှစ်ခုစာအတွက် အလုပ်လုပ်ပေးရတာကြောင့် ပူလာနိုင်ပါတယ်။ ဖြစ်နိုင်ရင်တော့ အဲဒီလိုအသုံးပြုခြင်းတွေကိုရှောင်ရှားနိုင်မယ်ဆိုရင်တော့Battery ခံနိုင်ရည်အားကိုအထောက်အကူဖြစ်စေပါမယ်။

ဖုန်းကိုအားသွင်းရင် Game ဆော့တာပဲဖြစ်ဖြစ် Video ကြည့်တာ Facbook အသုံးပြုတာပဲဖြစ်ဖြစ် အဲလိုမျိုးအသုံးပြုခြင်းတွေကိုလဲ ရှောင်ရှားသင့်ပါတယ်။ ဖုန်းရဲ့အားသွင်းခြင်းကိုလဲ အကြံပြုချင်ပါတယ်။ဖုန်းကိုအသုံးပြုတဲ့နေရာမှာ Battery အားကို အကုန်သုံးပစ်ခြင်းကိုရှောင်ရှားပေးစေချင်ပါတယ်။ ဖုန်းတစ်လုံးရဲ့ Battery ကိုအကုန်သုံးလိုက်မိရင် အားပြန်သွင်းရတဲ့အခါ အကြာကြီးပြန်သွင်းရတာထက် Battery ရဲ့ခံနိုင်ရည်အားကိုပါလျော့ကျစေပါတယ်။

ဖုန်းတစ်လုံးကို Battery % 30 အောက်ဆိုရင် အားပြန်သွင်းပြီးအသုံးပြုတာသင့်တော်ပါတယ်။ Battery အားကိုလဲ 90% ကျော်ကျော်လောက်ဆိုလုံလောက်ပါပြီ။ ဒါကြောင့် ကျတော်အကြံပေးချင်တာကတော့ ဖုန်းတစ်လုံးရဲ့ Battery ပိုင်းကို ကျတော်တို့ကြာရှည်ခံနိုင်စေရန်ကိုယ့်နည်းကိုယ့်ပာန်နဲ့ အဆင်ပြေအောင်အသုံးပြု ကြပါလို့ပါ တိုက်တွန်းပေးလိုက်ပါတယ်။ကျတော် အကြံပြုပေးခြင်းမှာ တစ်စုံတစ်ရာ လိုအပ်ချက်ရှိခြင်း / အမှားပါခြင်းများရှိခဲ့ရင် ခွင့်လွှတ်ပေးစေချင်ပါတယ်။

Ko Htoo( MMAS )

Smart Phone အသုံးပြုသူများသိထားသင့်​တာ​တွေ

၁။ Smart Phone တစ်လုံး၏ကင်မရာများကိုယခုအခါသူ့ထက်ငါအပြိုင်အဆိုင်များဖြင့် Megapixels များမြင့်၍ထုတ်လုပ်ကြသည်ကိုတွေ့ လာရသည် Megapixels များမြှင့်တင်ခြင်းဖြင့် ဓာတ်ပုံ ကောင်းများရရှိနိုင်သည်ဟုသောအယူအဆဖြင့် pixel မြင့်ဖုန်းများဝယ်ယူကြသည်။Megapixels သည် ဓာတ်ပုံ အရွယ်အစားအနုစိတ်ကိုသာအဓိကထားသဖြင့်Pixel များလေပုံSizeကိုချဲပြီးဓာတ်ပုံထုတ်နိုင်ခြင်းဖြစ်ပြီး ဓာတ်ပုံ ၏အရည်အသွေး ကောင်းမွန်ရန်မှာမှု အာရုံခံ Sensor များနှင့် တိကျပြတ်သားစေရန် Aperture size တို့ကသာပိုမိုအရေးပါသည်။

၂။Smart phone များတွင်ယနေ့ Core များဖြင့် လုပ်ဆောင်နိုင်စွမ်းများကိုမြှင့်တင်ပေးရာ လက်ရှိ Octa coreသည် Core 8လုံးအလုပ်လုပ်သော CPU အမျိုးအစားဖြစ်သည်။ သို့သော် Core အရေအတွက်ထက် ထုတ်လုပ်သည့် ကုမ္ပဏီ မှအရည်အသွေးကောင်မွန်ပါက core အရေအတွက်နှင့်မဆိုင်ကြောင်းကို Mediatak မှထုတ်လုပ်သော Octa core CPU များ၏လုပ်ဆောင်နိုင်မှုမှာ Snapdragon မှထုတ်သော ထိပ်တန်းအဆင့် Quad core များကိုမကျော်နိုင်ခြင်းဖြင့်တွက်ချက်နိုင်သည်။

၃။ Smart Phone များကိုယနေ့တွင်ပိုမိုအသုံပြုနိုင်ရန် ဘက်ထရီ သိုလှောင် စွမ်းများကိုတိုး၍ထုတ်လာခဲ့သည် သိုသော် Asus ၏ Zenfone 2၏3000mAh battery မှာတကြိမ်အားသွင်းပြီး standby mode ထားပါ က ၁၂ နာရီ ခန့်ဖြင့်စွမ်းအင်ကုန်သွားပြီး Micromax Smart Phone Company ထုတ် Yu Yureka အမျိုးအစားမှာ 2500 mAh battery သိုလှောင် စွမ်းရှိပြီး ၃၆ နာရီမှာကုန်ဆုံးသဖြင့် ဘက်ထရီ Capicity နှင့် မဆိုင်ပဲ Screen size,Core,Ramများနှင့်လည်းဆိုင်သည်။

၎။ Smart phone များတွင် Auto Brightness အလိုအလျောက်အလင်းမြှင့်တင်ပေးခြင်း၊ Bluetooth ဖွင့်ထားခြင်း၊Live Wallpaper အသုံးပြုပါက Battery သက်တမ်းကိုထိခိုက်စေပြီး ယင်းတို့ကိုပိတ်ထားပြီး အသုံးပြုပါက ပိုမိုကြာရှည်စွာအသုံးပြုနိုင်မည်ကိုတွေ့  ရမည်ဖြစ်ပြီး အားသွင်းလျက်ဖုန်းအသုံးပြုခြင်းသည် ဖုန်းကိုများစွာထိခိုက်စေသည်။

၅။ သံလိုက်ဓာတ်သည် သင့်ဖုန်း မှတ်ဥာဏ်ကိုပျက်စီးစေသောကြောင့် ဖုန်းများကို Magnetic Wave ရှိသော ပစ္စည်းများ နှင့် Magnetic များနှင့်ဝေးသောနေရာမှာထားသင့်သည်။

 Credit : Phone News Up To Date

Wednesday, May 6, 2015

မိုဘိုင်းဖုန်း အသုံးပြုသူတိုင်း သိထားရမယ့် မိုဘိုင်းဖုန်း ရေဒီယိုလှိုင်း

မိုဘိုင်းဖုန်း အသုံးပြုသူတိုင်း သိထားရမယ့် မိုဘိုင်းဖုန်း ရေဒီယိုလှိုင်း (ဖတ်ဖြစ်အောင်ဖတ်ပါ)

ပုံကို ပြလို့ ကြောက်မသွားပါနဲ့။ ပုံကတော့ နည်းနည်းပိုပါတယ်။ ဒါပေမယ့် SAR rating လွန်ကဲတဲ့ ပစ္စည်းတွေနဲ့ နေ့စဉ်ထိတွေ့ လုပ်ကိုင်ရင်တော့ ပုံမှာ ပြထားတာထက်လည်း ဆိုးကောင်းဆိုးသွား ပါလိမ့်မယ်။

ဒီတော့ SAR အကြောင်းလေး မျှဝေပါရေစေ။SAR ဆိုတာ ဘာလဲSAR ဆိုတာ Specific Absorption Rate ဖြစ်ပါတယ်။ ဦးနှောက်နဲ့ ခန္ဓာကိုယ်ရဲ့ တစ်ရှုး (အသားက) က လျှပ်စစ်သံလိုက်ဓာတ်အားကို ဆွဲငင်ယူတဲ့ နှုန်းထား ဖြစ်ပါတယ်။ သူ့ရဲ့ တိုင်းတာမှုက တစ်ကီလိုဂရမ်သော တစ်ရှူးဟာ လျှပ်စစ်သံလိုက်ဓာတ်အား (Electro Magnetic Wave) လှိုင်း Watt ပမာဏ ဘယ်လောက်ထိကို ဆွဲယူ စားသုံးတယ်ဆိုတာနဲ့ ဖြစ်ပါတယ်။

ဒီတော့ အင်္ဂလိပ်လို ရေးမယ်ဆိုရင် Watt/Kilogram ပါ။ကမ္ဘာ့ မိုဘိုင်းဖုန်း ကျန်းမာရေးနဲ့ ကော်မရှင် အဖွဲ့ အနေနဲ့ မိုဘိုင်းဖုန်းတွေအတွက် အမြင့်ဆုံး SAR ကို 1.6 လို့ သတ်မှတ်ထားပါတယ်။ အဲ့ဒီထက် SAR ပိုတဲ့ မိုဘိုင်းဖုန်းများ မထုတ်ရလို့ တားမြစ်ထားတာကြောင့် Officially register လုပ်ပြီး ကမ္ဘာ အနှံ့ဖြန့်တဲ့ ဖုန်းတွေဆိုရင်တော့ စိတ်ချစွာ အသုံးပြုနိုင် ပါတယ်။

SAR ဆိုးကျိုးSAR များရင် ဘာဖြစ်မလဲလို့ မေးကောင်းမေးချင်ပါလိမ့်မယ်။ ဟုတ်ကဲ့။ SAR တန်ဖိုး ထောင်ဂဏန်း၊ သောင်းဂဏန်းတို့ကို ဓာတ်မှန်ရိုက်တဲ့ ဓာတ်ခွဲခန်းတွေ၊ ရေဒီိယို သတ္တိကြွ ဗုံးနဲ့ လက်နက် ထုတ်တဲ့ နေရာတွေမှာ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ နေ့တိုင်း ဖုန်းသုံးနေခြင်းဟာ မိမိရဲ့ ဦးနှောက် နဲ့ ခန္ဓာကိုယ် တစ်ရှူးစများကို Electromagnetic wave စားသုံးခွင့်ပေးထားခြင်း ဖြစ်ပါတယ်။

SAR က ဘာ အကျိုးပြုသလဲသူ့အနေနဲ့ ဖုန်းအားနည်းရင် radiation ပိုများသလားလို့ မေးကြပါတယ်။ အဲ့ဒါတော့ မသိပါ။ ဒါပေမယ့် ဖုန်းနဲ့ ဖုန်းလိုင်း ဆက်သွယ်ရာ တာဝါတိုင်နဲ့ ဝေးလေလေ Radtion များလေလေ ဖြစ်ပါတယ်။ SAR က ဘာကို အကျိုးပြုသလဲ ဆိုတော့ ဆက်သွယ်ရေး wave ကို ပိုလို့ သန်မာစေဖို့ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရင် SAR မြင့်တဲ့ ဖုန်းတွေက နိမ့်တဲ့ဖုန်းတွေထက် များသော အားဖြင့် ဖုန်းလိုင်းဆွဲအား ကောင်းပါလိမ့်မယ်။

ဒါကြောင့်မို့ အရင်က ကီးဘုတ်ဖုန်းတွေ၊ တရုတ်ပြည်လာ ကီးဘုတ်နဲ့ အခြားသော brand လူသိနည်း ဖုန်းတွေ လိုင်းဆွဲအား ကောင်းခြင်းပါ။ ဒီတော့ SAR က 1 လို့ ဖုန်းမှာ ပါထားရင် သူ့အနေနဲ့ base station နဲ့ အရမ်းဝေးနေရင် value 1 အထိ radiation လွတ်ပြီး အဲ့ဒီထက်လွတ်ရင် လိုင်းပိုဆွဲမှာ ဖြစ်ပေမယ့် သူ့အနေနဲ့ ကျန်းမာရေးထိခိုက်မှာ ဖြစ်တာကြောင့် လိုင်း ဆွဲခွင့် မပေးတော့ ပါဘူး။ ဒါကြောင့်မို့ No Service ဖြစ်နေတာကို ဖုန်းထုတ်သူကိုပဲဖြစ်ဖြစ်ကျေးဇူးတင်ကောင်း တင်ရပါလိမ့်မယ်။

SAR ထိခိုက်မှု နည်းအောင် ရှောင်နည်း၊ သုံးနည်း

SAR rate absorption ကို head နဲ့ body ဆိုပြီးတော့ နှစ်မျိုးခွဲထားပါတယ်။ အကြောင်းကတော့ ဖုန်းပြောနေမှ မဟုတ်ပဲ ဘော်ဒီ အိတ်ကပ်တစ်ခုခုထဲ ထည့်ထားတာမျိုး၊ အိပ်ယာဘေးမှာ ထားတာမျိုးတို့ကလည်းထိခိုက်လို့ပါ။ iPhone ဆိုရင် 5mm ခြားပြီး ဖုန်းပြောစေဖို့ အကြံပေးပါတယ်။ အကယ်၍ ထိခိုက်မှု အသက်သာဆုံး ဖြစ်ချင်တယ်ဆိုရင် နားကြပ် တပ်ပြောခြင်း သို့မဟုတ် စပီကာ ဖွင့်ပြောခြင်းတို့ လုပ်ဖို့ အကြံပေးပါတယ်။ bluetooth နားကြပ်နဲ့ ပြောမယ်ဆိုရင်လည်း ရပါတယ်။ ဒါပေမယ့် bluetooth နားကြပ်ဝယ်တဲ့အခါလည်း SAR ဘယ်လောက်ရှိတယ်ဆိုတာ ဗူးမှာ သေချာ စစ်ကြည့်ပါ။ များသောအားဖြင့်ကတော့ သူက ဖုန်းတွေထက် နည်းပါတယ်။

ဒါနဲ့ SAR ဆိုတာ ဖုန်းမှာပဲ ထွက်တာ မဟုတ်ပါဘူး။ လူတို့ နေ့စဉ်သုံးတဲ့ အီလက်ထရောနစ် ပစ္စည်းတိုင်းက ထွက်ပါတယ်။ သူတို့ကလည်း ကျန်းမာရေး ဆိုင်ရာ authority အသိအမှတ်ပြု limit ကို မကျော်ပါဘူး။ မီးဖို၊ အဲကွန်း၊တီဗီ အစရှိသဖြင့်တို့လည်း ပါဝင်ပါတယ်။

SAR အနည်းအများ စစ်နည်း

ဒီတော့ မစိုးရိမ်ပါနဲ့..။ ဖုန်းတွေ သုံးမယ်ဆိုရင် Branded တွေကို သုံးခြင်းဖြင့် SAR limit အောက်မှာ ရှိနိုင်ပါတယ်။ ဒါက အလွယ်နည်း ပြောလိုက်တာပါ။

SAR value ကို စစ်တဲ့ နည်းလမ်း ရှိပါတယ်။ USSD Code သုံးရမှာပါ။*#07# ကို ရိုက်ပြီးတော့ ဖုန်းခေါ်ပါ။ SAR value ကို ဖော်ပြ ပါလိမ့်မယ်။ iPhone ဆိုရင် SAR Value အတွက် ဝဘ်ဆိုဒ်တစ်ခုကို ညွန်းပါလိမ့်မယ်။

ဥပမာအားဖြင့် –

iPhone 6:>> 1.59 W/kg
LG G3:>> 0.99 W/kg
LG G2:>> 1.44 W/kg
Samsung Galaxy Note 2:>> 0.42 W/kg
Samsung Galaxy Note 3:>> 1.07 W/kg
Samsung Galaxy Note 4:>> 1.20 W/kg
Samsung Galaxy S5:>> 1.28 W/kgHTC One (M8):>> 1.29 W/kgအသီးသီး ရှိပါတယ်။ မိုဘိုင်းကျန်းမာရေး အသိရှိစေဖို့ ရေးသား မျှဝေပေးလိုက်ရပါတယ်။

အောင်ခမ်း (MMAS)

Thursday, April 2, 2015

အဲကွန်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုး

အဲကွန်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုး
-------------------------------------------
ရာသီကာလ သုံးပါးထဲမှာ နွေဥတုရဲ့ အပူရှိန်ဟာ အပူပြင်းဆုံးဖြစ်ပါတယ်။ဒီလို ပူပြင်းတဲ့ရာသီမျိုးမှာ ရှေးခတ်က လူတွေဟာ အပူဒဏ်ကိုသက်သာစေဖို့ အရိပ်အာဝါသကောင်းတဲ့သစ်ပင်ကြီးတွေ၊ စိမ်းစိုတဲ့သဘာဝပတ်ဝန်းကျင်အရိပ် တွေကိုခိုကြပါတယ်။ တိုးတက်ထွန်းကားတဲ့ ခေတ်ကိုရောက်လာတော့ စိမ်းစိုတဲ့ သဘာဝအရိပ်အာဝါသတွေရှားပါးလာကာ လူတွေဟာ ရုပ်ဝတ္ထုပစ္စည်းတွေကိုဘဲ အမှီသဟဲပြုလာကြရပါတယ်။မိမိတို့တတ်နိုင်ရာ ပန်ကာ၊လေအေးပေးစက်နဲ့ အဲကွန်းအစရှိတာကိုတပ်ဆင်အသုံးပြုလာကြပါတယ်။ရုံးတွေ၊ ကုမ္မဏီတွေ၊ သယ်ယူပို့ဆောင်နေတဲ့ခရီးသွားယာဉ်တွေ၊ စာသင်ခန်းတွေ ၊နေအိမ်တွေမှာ အဲကွန်းကို တပ်ဆင်ထားကြပြီးနွေရာသီမှာ မဟုတ်သလိုနေနိုင်ကြပါတယ်။ အပြင်မှာ နေဘယ်လောက်အပူပြင်းပြင်း လူတွေဟာ မိမိတို့ သက်ဆိုင်ရာ နယ်ပယ်တွေထဲမှာ အဲကွန်းလေးဖွင့်ပြီး အေးအေးစိမ့်စိမ့်လေးနဲ့ သက်သောင့်သက်သာ အလုပ်လုပ်နိုင်ကြပါတယ်။အဲကွန်းရဲ့ အကျိုးကျေးဇူးဒီလို အဲကွန်းကို အသုံးပြုနိုင်ခြင်းဖြင့် လူတွေအတွက် အကျိုးကျေးဇူး ခံစားရရှိတာတွေရှိပါတယ်။အလွန်အမင်းပူပြင်းခြင်းဒဏ်ကြောင့် စိတ်နှလုံးမအီမသာဖြစ်တာတွေ မရှိတော့သလို ကိုယ်စိတ်နှစ်ပါး ရွှင်လန်းတက်ကြွစွာနဲ့ အလုပ်တွေကိုလုပ်နိုင်ကြပါတယ်။အဲကွန်းအေးစိမ့်စိမ့်လေးနဲ့ ချွေးထွက်ခြင်းတို့ မရှိတော့ကာ ချွေးထွက်ခြင်းကြောင့် အရည်ဓာတ်ဆုံးရှုံးမှုကိုလည်း လျော့ချနိုင်သွားပါတယ်။အအေးဒဏ်ကြောင့် အခန်းထကဲ ပိုးမွှားတွေ ၊ ကပ်ပါးကောင်တွေကို လည်း အလိုအလျောက်မောင်းထုတ်ပြီးဖြစ်သွားစေပါတယ်။အပြင်ပအမှုံအမွှားတွေဝင်ရောက်မှုကြောင့် အရေပြားလွှာ ယားယံမှုတွေလည်းမဖြစ်တော့ကာ အသားအရေကို သန့်ရှင်းနေစေပါတယ်။အဲကွန်းတပ်ဆင်မှုစနစ်ကောင်းမွန်ပြီး အသုံးပြုမှု၊ ထိန်းသိမ်းမှုတို့လည်းကောင်းမွန်ခဲ့ရင် လေထုသန့်ရှင်းမှုကို ပိုမိုကောင်းမွန်စေပါတယ်။ဒါပေမယ့် တစ်ချို့လူတွေဟာအပူဒဏ်ကို ရှောင်တဲ့အနေနဲ့ကားထဲမှာ ၊ အိမ်ထဲမှာ ၊ ရုံးခန်းထဲမှာ အဲကွန်းနဲ့ မပြတ်ထိတွေ့ပြီးနေတတ်ကြပါတယ်။ တစ်ချို့ဆိုရင် မီးပြတ်တာကြောင့်ဖြစ်ဖြစ် အကြောင်းတစ်စုံတစ်ရာကြောင့် အဲကွန်းနဲ့ ခဏလေးဖြတ်တောက်ခံရရင် မချိမဆန့်ပင်ပန်းနွမ်းနယ်နေတာကို တွေ့ရပါတယ်။ဒီအတွက် “ တန်ဆေးလွန်ဘေး ” ဆိုတဲ့စကားပုံလေး ကိုသတိရမိပါတယ်။ဒီစကားပုံလေးဟာ လူတွေအတွက်ဘယ်အရာကိုမဆို အလွန်အကျွံမဖြစ်စေဘဲ အတိုင်းအတာတစ်အနေနဲ့ သင့်တင့်မျတစွာ အသုံးပြု တတ်ရင် ဘေးဥပါဒ်ကင်းပြီး ကောင်းကျိုးဖြစ်ထွန်းစေတယ်ဆိုတာဆင်ခြင်စေလိုတယ်လို့ခံစားမိပါတယ်။တကယ်တော့ လူတွေနေ့စဉ် စားသောက်နေတဲ့ အစားအစာတွေ၊ အသုံးပြုနေတဲ့ ပစ္စည်းတွေ၊ လူသုံးကုန်တွေမှာ ကောင်းကျိုးရှိသလို ဘေးထွက် ဆိုးကျိုးဆိုတာလည်းရှိပါတယ်။ ဒါတွေကို သင့်တင့်မျတစွာအသုံးပြုတတ်ရင် ကောင်းကျိုးကို ခံစားရရှိနိုင်ပြီး ဆိုးကျိုးကိုလည်း ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။တစ်ချို့လူတွေဟာအဲကွန်းကို မပြတ်ထိတွေ့မှုနဲ့အတူ အဲကွန်း ရဲ့ အအေးဒဏ်ကို အလွန်အကျွံခံစားမိတတ်ကြတွေရှိပါတယ်။ အနောက်တိုင်းသုတေသနပညာရှင်တို့ ရဲ့လေ့လာဖော်ပြချက်အရ လူတွေဟာ အဲကွန်းကို အသုံးပြုတဲ့အခါ မိမိတို့ရဲ့ အခန်းအပူချိန်ကို အနည်းဆုံး 21-25ံC ကြားမှာ ထားရှိသင့်တယ်လို့ သတိပေးဖော်ပြထားပါတယ်။ အအေးဒဏ်ကို ကြိုက်လွန်းတာကြောင့် အလွန်အကျွံသုံးမိကြတဲ့အခါ “တော်သင့်ရင်ဆေးဘက်ဝင်တယ်၊ လွန်ရင် ဘေးဖြစ်စေတယ်”ဆိုသလို အဲကွန်းရဲ့ ဆိုးကျိုးကို ခံစားရနိုင်ပါတယ်။အဲကွန်းရဲ့ဆိုးကျိုးအဲကွန်းကို အလွန်အကျွံ အဆက်မပြတ်အသုံးပြုခြင်းကြောင့် ကျန်းမာရေးနဲ့ဆက်စပ်ထိခိုက်နိုင်မှုတို့ကို Global News က အခုလို ဖော်ပြထားပါတယ်။နှာခေါင်း၊ ပါးစပ်အတွင်းရှိချွဲ၊သလိပ် ၊နှပ်ရည်တွေထွက်တဲ့အမြှေးပါးကိုထိခိုက်ရောင်ရမ်းစေပြီး နှာမွန်ကာ အသက်ရှုရခက်ခဲမှုတို့ဖြစ်စေတတ်ပါတယ်။ အဆက်မပြတ်မောပန်းနွမ်းနယ်ခြင်း ၊ အအေးမိခြင်း တို့လည်းဖြစ်စေတတ်ပါတယ်။အရေပြားလွှာအတွင်း အစိုဓာတ်တို့ခမ်းခြောက်ကာ အသားအရေခြောက်သွေ့မှုကိုဖြစ်စေတတ်ပါတယ်။သွေးပေါင်ချိန်ကျခြင်း၊ အဆစ်ရောင်ခြင်း၊အာရုံကြောရောင်ရမ်းခြင်းတို့ဖြစ်စေတတ်ပါတယ်။အပူဒဏ်ကို သည်းမခံနိုင်ခြင်းကြောင့် အဲကွန်းကို အဆက်အပြတ်ခံစားနေသူတွေဟာ အဲကွန်းမရှိတဲ့အပြင်ပတ်ဝန်းကျင်တစ်ခုခုကိုသွားရဖို့အရေးကို stress တစ်ခုအနေနဲ့ ခံစားရစေပါတယ်။အသက်ရှုလမ်းကြောင်းနဲ့ပတ်သက်ပြီးပြဿ နာဖြစ်နိုင်ပါတယ်။ လူဝီစီးနီးယားပြည်နယ် ကဆေးပညာဌာန တစ်ခု ဟာ သူတို့ပြည်နယ်အတွင်းရှိ ကား ၂၅ စီးကို သုတေသနပြုလုပ်ခဲ့ကြပါတယ်။ အဲဒီအခါမှာ ၂၃ စီးသောကားတွေထဲမှာ အမှုံအမွှားမှိုအမျိုးအစား ၈ မျိုး ရှင်သန်နေကြတာကိုလေ့လာတွေ့ရှိကြပါတယ်။ဒီလို မှိုအမှုံအမွှားတွေဟာ အဲကွန်းရဲ့လေလမ်းကြောင်းထဲမှာ လည်ပတ်ပြီး လူတွေရှုရှိုက်လိုက်ရာအဆုတ်ထဲကိုရောက်ရှိသွားတတ်ကြပါတယ်။ ကားထဲမှာ အဲကွန်းကို ရေရှည်အသုံးပြုနေရသူတွေအနေနဲ့ အဆုတ်ရောဂါတွေဖြစ်ပွားနိုင်ချေများကြောင်း သုံးသပ်ပြောဆိုထားကြပါတယ်။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်ပွားနိုင်ပြီး အပြင်းဖျားနာတတ်ကြောင်းလည်း လေ့လာဖော်ပြထားပါတယ်။အဲကွန်းခန်းအတွင်း လေလမ်းကြောင်းလည်ပတ်မှုမှတစ်ဆင့်အသက်ရှုလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါတွေဖြစ်ပွားစေတတ်ပါတယ်။မျက်စိရောင်ရမ်းခြင်းတို့ဖြစ်တတ်ကာ မျက်ကပ်မှန်တပ်ဆင်သူတွေအနေနဲ့ အဓိအားဖြင့် ပြဿ နာ ကြုံတွေ့ရတတ်ပါတယ်။နွေရာသီကာလမှာ လူတိုင်းဟာ လုပ်ငန်းခွင်မှာ၊အိမ်မှာ အဲကွန်းကို အသုံးပြုကြရတာကြောင့် အကျိုးမယုတ်စေဘဲကျန်းမာရေးထိခိုက်မှုကိုရှောင်ကြဉ်နိုင်တဲ့ မျတတဲ့သုံးစွဲမှုတို့ကို သတိရှိနိုင်ကြစေဖို့ဖော်ပြပေးလိုက်ပါတယ်။
Credit to Aye Chan Mon Facebook