Ad

Showing posts with label Android နည်းပညာ. Show all posts
Showing posts with label Android နည်းပညာ. Show all posts

Thursday, October 1, 2015

Play Store ကို ကျော်ခွ၍ Download ဆွဲနည်း

 Play Store ကို ကျော်ခွ၍ Download ဆွဲနည်း

   အားလုံးပဲ မင်္ဂလာပါခင်ဗျာ------
   ကျွန်တော်အခုတင်ပြပေးမယ့် အကြောင်းအရာလေးကတော့ Android ဖုန်းအသုံးပြုသူများအတွက်အသုံးတည့်မယ့် အကြောင်းအရာလေးပါ။ Android application တွေဟာ တရားဝင်ဆိုရင်တော့ google play store မှာ အခမဲ့ရော အခပေးပါ downloadဆွဲလို့ရပါတယ်။ ဒါပေမယ့် gmail account တစ်ခုနဲ့ google account setting ပါတဲ့ ဖုန်းဟန်းဆက်တော့လိုပါလိမ့်မယ်။ တစ်ချို့ တရုတ်ဟန်းဆက်တွေမှာက google setting သွင်းမရတဲ့အခါမှာ google ရဲ့ တရားဝင် application တွေဖြစ်တဲ့ gmail တို့ play store တို့ blogger တို့ အဲဒီလို application တွေကိုသုံးလို့မရပါဘူး။
     နောက်တစ်ခုက ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် တရားဝင် ပေးမထားတဲ့ applucation တစ်ချို့ဆိုရင်လဲ download လုပ်လို့မရပါဘူး။ your country isn't available ဆိုတဲ့ စာသားလေး play store မှာပေါ်နေတယ် ဆိုရင်တော့ play store ကနေ တိုက်ရိုက် download လုပ်လို့ ရမှာမဟုတ်ပါဘူး။ ဒါဆိုရင်တော့ play store ကိုကျော်ခွပြီး download ဆွဲမှပဲရပါလိမ့်မယ်။
     ကဲ---အခုမိတ်ဆွေမှာ gmail မရှိတာ ဟန်းဆက်က playstore သုံးမရတာ ဒါမှမဟုတ် မြန်မာနိုင်ငံအတွက်မပေးထားတဲ့ application ကိုမှ download လုပ်ချင်တာ ဆိုရင်တော့ အခုကျွန်တော်တင်ပြတဲ့နည်းလမ်းလေးကို စမ်းကြည့်လိုက်ကြပါလို့ပြောချင်ပါတယ်ဗျာ။


ပထမဆမိမိနှစ်သက်ရာ browser တစ်ခုခုကိုဖွင့်၍ android4samsung.com လို့ရိုက်ထည့်လိုက်ပါ။ webpage ပွင့်လာရင်အောက်ကပုံလေးလိုပဲ search box မှာ ကိုယ်download လုပ်ချင်တဲ့ application နာမည် အပြည့်အစုံဖြစ်စေ တစ်ပိုင်းတစ်စဖြစ်စေ ရိုက်ထည့်ပြီး search ကိုနှိပ်လိုက်ပါ။ ကျွန်တော်ကတော့ wunzin နဲ့ နမူနာပြမှာမို့လို့ wun လို့ရိုက်ထည့်ပြီး ရှာထားပါတယ်။ပုံကိုကြည့်နိုင်ပါတယ်။










အဲဒီအခါမှာအောက်ကပုံလေးလိုမျိုး ပေါ်လာပါမယ်။ free ဆိုတဲ့နေရာ လေးကို နှိပ်ပါ။








အခုအောက်ကပုံလေးလိုပေါ်လာပါလိမ့်မယ်။ နှစ်သက်ရာ download engine ပေါ်ကိုနှိပ်လိုက်ပါ။


အဲဒီအခါ အခုအောက်ကပုံလိုထပ်ပေါ်လာပါမယ်။Get step 2 for checking APK file before download ဆိုတဲ့စာသားလေးပေါ်နှိပ်လိုက်ပါ။








အောက်ကပုံလေးလိုထပ်ပေါ်လာပါမယ်။ Go step 3 for get APK download link ဆိုတဲ့စာသားလေးပေါ်နှိပ်လိုက်ပါ။



အောက်ကပုံလေးလိုပေါ်လာရင် click here to download apk file ဆိုတဲ့စာသားလေးပေါ်ကို နှိပ်လိုက်ပါ။








အဲဒါဆိုရင်​​တော့ မိမိဖုန်းထဲကို စတင်​download ဆွဲ​နေပါပြီဗျာ။ ​အောက်​ကပုံလိုမျိုး​လေး​ပေါ်တဲ့ မိတ်​​ဆွေ​တွေက​တော့ နှစ်​သက်​ရာ downloader ​လေးကို​ရွေး​ပေးလိုက်​ရုံပါပဲ။ ကျွန်​​တော်​ဒီနည်းကို HTC ဖုန်းနဲ့လည်းစမ်းကြည့်​ပြီးပါပြီ။ downloadဆွဲလို့ရပါတယ်​။ website မှာက samsung အတွက်​သီးသန့်​လုပ်​​ပေးထားသလိုပုံစံဖြစ်​​နေတာ​ကြောင့်​ တခြားအမျိုးအစားနဲ့ကျွန်​​တော်​စမ်းကြည့်​ထားတာပါ။ အဆင်​​ပြေပါတယ်​။ စိတ်​၏ချမ်းသာခြင်း ကိုယ်​၏ကျန်းမာခြင်းနဲ့ပြည့်​စုံနိုင်​ကြပါ​စေဗျာ။

Saturday, September 5, 2015

ဟန်းဆက်ပေါင်းများစွာကို Click တစ်ချက်နဲ့ Root ဖောက်နိုင်တဲ့ Kingroot APK v4.5.0.722 (Latest Version)

အခုတင်ပေးလိုက်တဲ့ Root Tool လေးကတော့ ဖုန်းထဲမှာတင်ပဲ Root လုပ်ပေးနိုင်တဲ့ Apk လေးဖြစ်ပါ တယ်ဗျာ။ ဟန်းဆက်ပေါင်းများစွာကို Click တစ်ချက်ထဲနဲ့ Root ဖောက်နိုင်တယ်လို့ဆိုထားပါတယ်ဗျာ။ ကျွန်တော်ကဖုန်း Service လုပ်တဲ့သူမဟုတ်လို့ သူငယ်ချင်းတွေကိုပေးပြီးစမ်းခိုင်းသလောက် Android OS 4.4 အထိ Root ပေါက်တယ်လို့ပြောပါတယ်။ ပြည်ပဆိုဒ်တွေကိုမွှေနှောက်ရာမှာလည်း Error ကင်း ကင်းနဲ့ Root ဖောက်နိုင်တယ်လို့ဖော်ပြထားပါတယ်ဗျာ။ ဖုန်းကလိချင်တဲ့သူငယ်ချင်းများနဲ့ Service လုပ် တဲ့ဘော်ဒါများ လိုအပ်ရင်ဒေါင်းယူသွားနိုင်ပါတယ်ဗျာ။

Wednesday, May 13, 2015

Android Phone မှ အင်တာနက်ကွန်နက်ရှင်ကို ပီစီတွင် အသုံးပြုသည့်အခါ ဘရောက်စာ၏ ဒေတာစားသုံးမှုကို နည်းပါးအောင် ပြုလုပ်ခြင်း

Desktop Version Website များဟာ Broadband Connection တွေအတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်လို့ မိုဘိုင်းဗားရှင်းဝက်ဆိုက် အပါအ၀င် အခြားဝက်ဆိုက်များထက် အရွယ်အစားကြီးမားပါတယ်။ 

 

အဲဒီအတွက် ဖုန်းမှာ Tether ပြုလုပ်ပြီး ကွန်ပြူတာမှာ အင်တာနက် အသုံးပြုရင် တစ်နည်းအားဖြင့် ဖုန်းမှ အင်တာနက်ကို ကွန်ပြူတာသို့ ထုတ်လွှင့်အသုံးပြုရင် သင့်ရဲ့ မိုဘိုင်းဒေတာများစွာ ကုန်ကျမှာ ဖြစ်ပါတယ်။

 

 

 အောက်ပါနည်းလမ်းတွေကတော့ မိုဘိုင်းဒေတာပမာဏကို ချွေတာ အသုံးပြုနေရသူတွေအတွက် အသုံးဝင်မှာ ဖြစ်ပါတယ်။

 

 

Click-To-Play Plugins ကို Enable လုပ်ပါ။

ဝက်ဆိုက်တော်တော်များများဟာ ကြော်ညာနဲ့ ဗီဒီယိုတွေအတွက် Flash Content တွေကို Embed လုပ်ထည့်သွင်းထားကြပါတယ်။ အဲဒီ Flash Content တွေဟာ အရွယ်အစားအားဖြင့် ကြီးမားကြပါတယ်။ Flash Content တွေကို Load ပြုလုပ်ခြင်းမှ ပိတ်ပင်ထားဖို့ ဘရောက်စာတွေမှာ ပါတဲ့ Click-To-Play Plugin Feature ကို Enable လုပ်ရမှာပါ။ ဒါဆိုရင် ၀က်ဆိုက်တွေ ဖွင့်ရင် Flash Content တွေကို အလိုအလျှောက် ပြသပေးမှာ မဟုတ်ဘဲ “ Click to run Flash” ကိုနှိပ်မှသာ ပြသပေးမှာ ဖြစ်ပါတယ်။ ဘရောက်စာတွေမှာ Click-To-Play Plugin ကို Enable လုပ်ဖို့အတွက်

Chrome

Settings ထဲသွားပြီး စာမျက်နှာအောက်ဆုံးရှိ Show advanced settings လင့်ကို နှိပ်ပါ။ Privacy Section အောက်မှ Content Settings ခလုတ်ကို နှိပ်ပါ။ Plug-ins ကဏ္ဍအောက်မှ Click to play ကို ရွေးချယ်ပေးပါ။

Firefox

Firefox Address Bar မှာ about:config လို့ရိုက်ပါ။ နောက်အဆင့်မှာ “ I’ll be careful… “ ကိုနှိပ်ပါ။ Search Box မှာ plugins.click_to_play လို့ရိုက်ပြီး ရှာပါ။ ရှာတွေ့ရင် နှစ်ချက်နှိပ်ပြီး Value မှာ True ဖြစ်အောင် ပြောင်းပေးပါ။ ပြီးရင် Firefox ကို Restart လုပ်ပေးပါ။

 

Images များကို Disable ပြုလုပ်ပါ။

ဓါတ်ပုံတွေကလည်း Bandwidth ကို တော်တော်စားသုံးပါတယ်။ ဒတ်စတော့ဗားရှင်း ၀က်ဆိုက်တွေမှ ဓါတ်ပုံတွေဆိုရင် ပိုမိုအသေးစိတ်ကျပြီး အရွယ်ကြီးမားပါတယ်။ အဲဒီဓါတ်ပုံတွေကို မပြသအောင် ပိတ်ထားနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဓါတ်ပုံတွေကို ပိတ်ထားရင်တော့ ၀က်ဆိုက်တစ်ခုကိုဖွင့်ကြည့်ရင် အောက်ကပုံမှာလို ဓါတ်ပုံတွေကို ပြသပေးခြင်း မရှိတော့ပါဘူး။

Chrome

Settings ထဲသွားပြီး စာမျက်နှာ အောက်ခြေရှိ Show advanced settings ကို နှိပ်ပါ။ Privacy ကဏ္ဍအောက်ရှိ Content Settings ခလုတ်ကို နှိပ်ပြီး Do not show any images ကို ရွေးပေးပါ။
Firefox
Address Bar မှာ about:config လို့ရိုက်ပြီး အန်းတားနှိပ်ပါ။ Search Box မှာ permissions.default.image လို့ရိုက်ရှာပါ။ ရှာတွေ့ရင် အဲဒီအပေါ်ကို Mouse Cursor ချပြီး Right-Click နှိပ်ပါ။ Modify ကိုရွေးပြီး Value ကို 2 ပြောင်းပေးပါ။

 

Opera Turbo ကို အသုံးပြုပါ။

Opera မှာ အခြား နာမည်ကြီး ဘရောက်စာများမှာ မပါတဲ့ စွမ်းဆောင်ချက်တစ်ခုပါရှိပါတယ်။ Opera ဘရောက်စာမှာ Opera Turbo ကို အသုံးပြုရင် သင်ကြည့်ရှုတဲ့ Web Pages များကို Opera ရဲ့ ဒေတာတွေကို ချုံ့ပေးတဲ့ Proxy ကနေ ဖြတ်သန်းစေမှာ ဖြစ်ပါတယ်။ အဲဒီအတွက် သင့် မိုဘိုင်းဖုန်းရဲ့ ဒေတာပမာဏကို သက်သာစေမှာပါ။
Opera Turbo ကို Enable လုပ်ဖို့အတွက် ဘရောက်စာရဲ့ အောက်ခြေမှ Opera Turbo Icon ကို နှိပ်ပြီး Enable Opera Turbo ကိုရွေးပါ။
Opera က HTTPS Pages များကိုတော့ သူတို့ရဲ့ Proxy ကနေ ဖြတ်သန်းစေမှာမဟုတ်ပါဘူး။ အဲဒီအတွက် သင့်ရဲ့ ပုဂ္ဂလိက ဒေတာများဟာ လုံခြုံစေမှာဖြစ်ပေမယ့် အဲဒီ Web Page များကို ချုံ့ပေးမှာ မဟုတ်ပါဘူး။

 

Mobile Website များကို Request လုပ်ပါ။

မိုဘိုင်းဝက်ဆိုက်များဟာ ဒတ်စတော့ဝက်ဆိုက်များထက်စာရင် Bandwidth အနည်းငယ်ကိုသာ အသုံးပြုပါတယ်။ သင့် ဒတ်စတော့ ဘရောက်စာရဲ့ User Agent ကို ပြောင်းလဲခြင်းဖြင့် မိုဘိုင်းဝက်ဆိုက်များအနေနဲ့ ကြည့်ရှုနိုင်ပါတယ်။ ဒတ်စတော့ ဘရောက်စာရဲ့ User Agent ကို ပြောင်းလဲပေးဖို့အတွက် အလွယ်ကူဆုံးက Extension များကို အသုံးပြုတာပါ။ Chrome နဲ့ Firefox အတွက် User Agent ကို ပြောင်းလဲပေးနိုင်တဲ့ Extension များကို Google Search မှာ user agent switcher for chrome or firefox စသဖြင့် ရှာဖွေနိုင်ပါတယ်။

 

ကြော်ညာများကို ပိတ်ပင်ပါ။

ဝက်ဆိုက်တွေမှာသာမက Facebook လို လူမှုကွန်ရက်တွေမှာပါ ကြော်ညာများစွာ ထည့်သွင်းထားကြပါတယ်။ အဲဒီကြော်ညာတွေက သင့်ရဲ့ မိုဘိုင်းဒေတာကို ကုန်ကျစေပါတယ်။ အဲဒီ ကြော်ညာတွေကို ပိတ်ပင်ထားနိုင်ဖို့ Browser Extension များကို အသုံးပြုနိုင်ပါတယ်။ Ad Blocker များစွာ ရှိပေမယ့် နာမည်အကြီးဆုံးကတော့ AdBlock Plus ဖြစ်ပါတယ်။ AdBlock Plus ကို Chrome, Firefox တို့မှာ အင်စတောလုပ်နိုင်ပါတယ်။

အထက်ပါနည်းလမ်းများအပြင် ဘရောက်စာ အလိုအလျှောက် Update ပြုလုပ်ခြင်းကို ပိတ်ထားခြင်း၊ အလိုအလျှောက် Windows Update ပြုလုပ်ခြင်းကို ပိတ်ထားခြင်းများကလည်း သင့်ရဲ့ မိုဘိုင်းဖုန်းမှ အင်တာနက် ကွန်နက်ရှင်ကို ပီစီမှာ အသုံးပြုတဲ့ အခြေအနေမှာ ဒေတာပမာဏ သက်သာစေမှာ ဖြစ်ပါတယ်။

Credit; Digital Life Journal 

 

Saturday, May 9, 2015

Android ဖုန်းတစ်လုံးကို ဘယ်လိုပေါ့အောင်သုံးကြမလဲ။

Android ဖုန်းတစ်လုံးကို ဘယ်လိုပေါ့အောင်သုံးကြမလဲ

ကျတော်တို့ Android ဖုန်းအသုံးပြုသူတွေ ကိုယ့်ဖုန်းကိုဘယ်လို ပေါ့ပေါ့ပါးပါးဖြစ်အောင်အသုံးပြုနေကြပါသလဲ။ကျတော့် အမြင်ကိုပြောပြချင်ပါတယ်။ Android ဖုန်းတစ်လုံးပေါ့ပါးနေစေအောင် အဓိကကတော့ Storage အပိုင်းပါပဲ။ကျတော်တို့ နေ့တိုင်းအသုံးပြုနေတဲ့ Application တွေပာာ တစ်ရက်ထက်တစ်ရက် data တွေတက်လာပါတယ်။ဥပမာပြောရရင် ကျတော်တို့ Facebook အသုံးပြုကြတယ်ပေါ့။ Facebook ကို Computer နဲ့ phone နဲ့ သုံးတာမတူပါဘူး။Computer ကနေသုံးကြတဲ့အခါ တစ်ခါသုံးပြီးရင် တစ်ခါ Log-out လုပ်ကြပါတယ်။ ဒါပေမဲ့ ကျတော်တို့ phone ကနေသုံးကြတဲ့အခါLog-out မလုပ်မိကြပါဘူး။ ဒီလိုဆို တစ်နေ့သုံးလိုက်တဲ့ data ပာာတက်လာပါတယ်။

တစ်နေ့ထက်တစ်နေ့ဆို data တွေပာာတဖြည်းဖြည်းများလာရင် storage ပိုင်းမှာ တက်လာပါတယ်။ ခုခေတ်ကြီးမှာတော့ Facebook တစ်ခုထဲမှမပာုတ်ပါဘူးViber , Skype , Tango စတဲ့ Application တွေကအစများပြားလာပါတယ်။ ဒီလိုဆိုတော့ တစ်နေ့ထက်တစ်နေ့ အသုံးပြုတဲ့data များလာသလို Storage ပိုင်းမှာလဲ ပြည့်လာပါမယ်။ ဒါကြောင့် ဖုန်းတစ်လုံးပေါ့ပါးစွာ အသုံးပြုနိုင်ရန်အတွက်Storage ပိုင်းကို စစ်ဆေးနေသင့်ပါတယ်။

Application က data တွေကိုတော့ ကျတော်တို့ Setting >>> Manage application ထဲကနေ၀င်ပြီး ကိုယ်နေ့စဉ်အသုံးပြုနေတဲ့ Application တွေကို Cleardata လုပ်ပေးနေမယ်ဆိုရင်တော့ သင့်ဖုန်းပာာအမြဲတမ်းပေါ့ပါးနေစေပါမယ်။ တစ်ချို့က ကိုယ့် account ကိုနှမြောလို့မလုပ်ချင်ကြတာတွေဖြစ်တက်ပါတယ်။အဲလိုကျရင်တော့ ကျတော်တို့ phone နံပါတ်တွေနဲ့ activate လုပ်ရတဲ့ application တွေဆို မလုပ်ချင်လဲရပါတယ်။Account နဲ့ ပြန်ဝင်နိုင်တဲ့ application တွေကိုတော့ clear data လုပ်ပြီးအသုံးပြုစေချင်ပါတယ်။

နောက်ဆုံးအခြေအနေမှာဆိုရင်ကျတော်တို့ ဖုန်းတစ်လုံးလုံး လေးလံပြီး Touch ပါမရွှေ့နိုင်တော့တဲ့ အခြေအနေကို ကြုံတက်ကြပါတယ်။ ဒီလိုဆိုရင်တော့reset ချရန်ထိလိုအပ်လာတက်ပါတယ်။ ဒီလိုခြေနေမှာဆိုရင် ဘာကိုမှ Backup လုပ်လို့မရတော့တဲ့အခြေအနေထိပါဖြစ်တက်ပါတယ်။အဲဒီလိုဖြစ်ရင် အရေးကြီးတာတော့ Contact & Photo ပေါ့။ ဒါကြောင့် အရေးကြီးမယ်ထင်တဲ့ data တွေကိုတော့ ကျတော်တို့တစ်နေ့ပြီးတစ်နေ့ Backup လုပ်ထားဖို့ပါ သတိပေးချင်ပါတယ်။

Remark >>> Interal များများအသုံးပြုလို့ရတဲ့ Phone တွေဆိုရင်တော့ မပြောလိုပါ။ Internal များများမပါတဲ့ Phone တွေကိုကိုင်ဆောင်သူတွေအတွက် ကိုယ်တွေ့လေးကို တင်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။ အမှားပါရင်တော့ ခွင့်လွှတ်ပေးစေချင်ပါတယ်။

Ko Htoo( MMAS )

Android version ကိုကိုယ်​တိုင်​ လွယ်​လွယ်​ကူကူမြှင့်​နိုင်​မယ့်​ Upgrade for Android – Go Next apk

ဒီ​ကောင်​​လေးက​တော့ မိမိရဲ့ဖုန်းထဲမှာတင်​ android version မြှင့်​နိုင်​ဖို့လုပ်​​ဆောင်​နိုင်​မယ့်​ application ဖြစ်​ပါတယ်​။ မိမိဖုန်းနဲ့ကိုက်​ညီတဲ့ firmware update ကို ရှာ​ဖွေနိုင်​ပါတယ်​။ ဒါ့အပြင်​ကိုယ်​လက်​ရှိသုံး​နေတဲ့ firmware အမျိုးအစားကိုလဲ သိရှိနိုင်​ပါတယ်​။ ဖုန်းရဲ့ CPU,RAM တို့နဲ့ကိုက်​ညီတဲ့ firmware update ကို အလွယ်​ကူ အရိုးရှင်းဆုံးနဲ့ ညွှန်​ပြ​ပေးနိုင်​မှာဖြစ်​လို့ service သမား​တွေအတွက်​လဲ အသုံးတည့်​မှာပါ။ ကိုယ်​လိုချင်​တဲ့ firmware တစ်​ခုကို online ​ပေါ်မှာရှာရတာ ကံမ​ကောင်းရင်​​ခေါင်းမူးသွားနိုင်​ပါတယ်​။ ဒီ​ကောင်​​လေးကို​ဆောင်​ထားမယ်​ဆိုရင်​​တော့ firmware ကိစ္စ​ခေါင်းစားစရာမလို​တော့ပါဘူး။ အသုံးလိုသူများ​အောက်​မှာ download ရယူနိုင်​ကြပါတယ်​။

Upgrade for Android™ Go Next: An essential app to detect your smartphone/tablet specifications and check if you can upgrade or update it to a new version of Android™ OS firmware.

This application is capable test your device and determine if it is capable to run the most recent android firmware, and you can use it to test your system for each android version as far as CPU frequency, RAM and Internal Memory.
You can also learn about each type of operating system and determine the one that is most appropriate for your needs, so that you can upgrade or update your android firmware in your device.
It’s a fast, simple and well designed app to guide you to an android firmware upgrade.
Features firmware:
. Android™ Lollipop, version 5.0;
. Android™ Kitkat, version 4.4;
. Android™ JellyBean, version 4.2;
. Android™ IceCream, version 4.0;
. Android™ Honeycomb, version 3.0;
. Android™ Gingerbread, version 2.3;
. Android™ Froyo, version 2.2;
. Android™ Eclair, version 2.1;
. Android™ Donut, version 1.6;
. Android™ Cupcake, version 1.5;
Also useful to detect your current android version firmware, detect RAM and Internal Memory available in your device. The ultimate upgrade tool advisor.
Try it! It’s free!
Android™ is a trademark of Google Inc.
The Android robot is reproduced or modified from work created and shared by Google and used according to terms described in the Creative Commons 3.0 Attribution License.
Facebook: goo.gl/95SMA8
Google+: goo.gl/gGys3Q
Website: goo.gl/0CnfNw

Size : 3.1M
Current Version : 1.5.3
Requires Android : 2.3 and up
Offered By : Womboid Systems

DOWNLOAD

Friday, May 8, 2015

Sony Xperia Z series အားလုံးအတွက် Android 5.0.2 Lollipop Firmware Free Download ရပြီ..

Sony Xperia Z series တွေဖြစ်တဲ့ Xperia Z, Z1, Z1 Compact, Z Ultra, Z2, Z3, Z3 Compact, Z3 Dual အားလုံးအတွက် Android Version 5.0.2 Lollipop ကိုမြှင့်ချင်သူများ Free Download ရယူနိုင်ပါပြီ.. ဒါ့အပြင် အခြားအခြားသော Model များစွာကိုလည်း Update တင်ပေးလျက်ရှိပါတယ်.. Download ရယူနိုင်တဲ့နေရာကတော့ www.mpfirmware.com သို့မဟုတ်​ ​အောက်​ကလင့်​မှာ download ရယူနိုင်​ပါတယ်​ ...

Sony Xperia Z series Android 5.0.2 Lollipop Firmware

DOWNLOAD Link

ဖုန်းထဲမှာတင် Flash နိုင်တဲ့ Flashify v1.9.apk ( Root )

[ ကွန်ပျူတာမလိုဘဲ ဖုန်းထဲမှာတင် boot.img, recovery.img နဲ့ zip ဖိုင်တွေကို Flash နိုင်တဲ့အပြင် CWM, Philz, TWRP, Gapps, Franco Kernel, Stock Nexus Kernel နဲ့ Stock Nexus Recovery. တွေကိုလည်း ဒေါင်းယူ ထည့်သွင်းနိုင်ပါတယ်.. ဖုန်းမှာ Root တော့ ရှိဖို့လိုအပ်မှာဖြစ်ပါတယ်.. နောက်ဆုံးထွက် Flashify v1.9.apk ကို ရယူနိုင်ပါပြီ... ]

Flash your boot.img, recovery.img and zip files right away using Flashify! Be safe and backup everything either to local storage or cloud storage with automatic syncing! If you don’t know where to get your recovery files, just download directly from this app!

Features
Flash boot and recovery .img without even needing to go to recovery.Flash zip files. Option to wipe cache, dalvik and data when using TWRP or Philz recovery.Download and flash CWM, Philz, TWRP, Gapps, Franco Kernel, Stock Nexus Kernel, and Stock Nexus Recovery.Automatic Loki Patch when needed.Full nandroid backups/restores when using TWRP or Philz recovery.Backup/Restore kernel and recovery using Sdcard or cloud (Dropbox, Box or Google Drive).Automatic cloud synchronisation of backups between devices and desktops.Keep track of recently flashed items.Flash multiple files and build your flash queue.Flash from anywhere! Do you want to flash  from your favorite File Explorer or Email app? No biggie, that also works together with Flashify.

DOWNLOAD

Post letter from ​မောင်​​ပေါက်

MPPG MTK IMEI Write Tool

MPPG က ရေးတဲ့ Tool ဖြစ်ပါတယ်..
MTK Android device တွေမှာ အကြောင်း တစ်စုံတစ်ရာကြောင့် { Software error } IMEI ပျက်သွားတယ် ပျောက်သွားတယ် ဆိုရင် ပြန်ရေးလို့ ရတဲ့ Application တစ်ခုပါ
google မှာ Solution များစွာ Tool များစွာ ရှိပီး ဒီဟာလေးကတော့ အလျှင်မြန် အထိရောက်ဆုံးဖြေရှင်းနိုင်မယ့် Tool တစ်ခုပါ.
ဖုန်းမှာ root access ရှိရပါမယ်
IMEI 1 နဲ့ 2 မှာ IMEI ဖြည့်ပါ
တစ်ခုပဲပါလည်း အဲ့ဒီ တစ်ခုကိုပဲ ၂ နေရာဖြည့်ပါ.. ပြီးရင် Write IMEI ကို နှိပ်ပေးလိုက်ပါ
ဖုန်း restart ဖြစ်သွားရင် ရပါပြီ

DOWNLOAD

Credit to : MPPG

Wednesday, May 6, 2015

မိမိဖုန်းမှာ mp4 တွေကို mp3 ပြောင်းနိုင်သည့်-Video to MP3 Converter 1.5.3 for Android

မိမိဖုန်းမှာ mp4 တွေကို mp3 ပြောင်းနိုင်သည့်-Video to MP3 Converter 1.5.3 for Android
ဖုန်းကိုင်ထားသောဘော်ဒါများအတွက်​ ဒီတခါတော့ Video ကနေပြီး MP3 လုပ်လို့ရတဲ့ application အခုတင်ပေးလိုပြီးဗျာ။Android ဖုန်းကိုင်သူများအနေဖြင့် mp4 ကနေ Mp3 ပြောင်းချင်တယ်ဆိုရင်..PC ကိုပဲအားကိုးစရာမလိုတော့ပါဘူး..အခုတင်ပေးလိုက်တဲ့ Appကတော့ မိမိဖုန်းထဲမှာပဲ..mp4 တွေကို mp3 သို့ပြောင်းနိုင်ပါတယ်...ဒီ App ထဲမှာအဓိလုပ်ဆောင်နိုင်တာတွေကတော့
၁) Video များကို mp3 format သို့ပြောင်းခြင်း
၂) Video Format မျိုးစုံကို ပြောင်းနိုင်ခြင်း
၃).Audios format တော်တော်များများ support ခြင်း ဥပမာ..mp3, AAC, OGG အစရှိသည်
၎) ခေါင်းစဉ်များကို တည်းဖြတ်နိုင်ခြင်း (Artist, Album, title) စသည်တို့ဖြစ်ပါတယ်..
ဖိုင်းဆိုဒ်ကတော့9.39MB ဖြစ်ပြီး Android OS 2.2 အထက်ရှိဖုန်းများအားလုံးမှာသုံးနိုင်ပါတယ်။

Download

Thursday, April 16, 2015

Lock လုံဝပြန်​မကျ​အောင်​ Facebook account ဖွင့်​နည်း

Lock လုံဝပြန်​မကျ​အောင်​ Facebook account ဖွင့်​နည်း
ပထမဆုံး ​အောက်​က apk ၂ ခု ကို ​ဒေါင်းပြီး install လုပ်​ထားပါ

   
       << Download >>

        <<  Download >>

Internet ဖွင့်​ထားပြီး Hola apk ကို ဖွင့်​ပြီး Text now apk ကိုရှာလိုက်​ပါ ပုံမှာ ပြထားပါတယ်
Gmail အ​ကောင့်​တစ်​ခုရှိရပါမယ်​ Text now ထဲ​ရောက်​သွားပြီ ဆိုရင်​ Creat account ကိုနှိပ်​ပြီး သူပြထားတဲ့အတိုင်းဖြည့်​ပြီး Creat လုပ်​ပါ Area code ​တောင်းလာပါလိမ့်​မယ်​ 414, 441 ကြိုက်​ရာထည့်​​ပေးလိုက်​ရင်​ ဖုန်းနံပါတ်​တစ်​​ခုပေးပါလိမ့်​မယ်
အားလုံးပြီးသွားရင်​ ပုံမှာပြထားတဲ့ စာ​ကြောင်း​လေးကို မှတ်​ထားပါ
ဥပမာ minwinzin@textnow.me
အဲ့ဒါကအ​ရေကြီးဆုံး​နော်​ ဖုန်းနံပါတ်​မလိုဘူး
ကဲမှတ်​ပြီးပြီဆိုရင်​ Browser တစ်​ခုခုက​နေ facebook sign up လုပ်​ဖိုသွားလိုက်​ပြီး first name, last name ကို အင်္ဂလိပ်​လိုပဲထည့်​​ပေးပါ ​နောက်​မှ ဗမာလိုပြန်​​ပြောင်းချင်​ရင်​​ပြောင်း​ပေါ့ဗျာ
Gmail or phone number မှာ​တော့ အ​စောက မှတ်​ထားတဲ့ လိပ်​စာ​လေးကို ထည့်​​ပေးလိုက်​ပါ အသက်​က​တော့ ၁၈ နှစ်​​တော့​ကျော်​ပ​စေ​ပေါ့ အားလုံးဖြည့်​ပြီးလို Creat လုပ်​ပြီးရင်​ Comfirm code ​တောင်းတဲ့​နေရာ​ရောက်​သွားပါပြီး  အဲ့အတွက်​ Text now apk ကို Home key နှိပ်​ပြီး  ပြန်​သွားကြည့်​လိုက်​ရင်​ code အတွက်​ message ​ရောက်​​နေပါပြီ အဲ့code ကိုမှတ်​ပြီး အ​စောက Browser ကို ပြန်​သွားပြီး ဖြည့်​လိုက်​ပြီး comfirm လုပ်​လိုက်​ရင်​ အ​ကောင့်​တစ်​ခုရပါပြီး ကျန်​တဲ့အဆင်​​တွေက​တော့ ကြိုက်​သလိုသာထည့်​​ပေ​တော့

မှတ်​ချက်​ invite friend ကို အ​ယောက်​ ၂၀ ထက်​မပိုပါ​စေနဲ့ ၁၅ ရက်​​ကျော်​မှထပ် ​Add ပါ ပို့စ်​နှစ်​ခု​လောက်​တင်​ပါ Like ၅ ခု​လောက်​လုပ်​​ပေးထားပါ
ကဲအာင်​မြင်​ကျပါ​စေဗျာ

Credit to ပန်းလှိုင်​သား​လေးနည်းပညာ

Wednesday, April 15, 2015

C8813_Service Manual and Diagrams.pdf

C8813_Service Manual and Diagrams.pdf
စာအုပ်​​လေးကို တင်​​ပေးလိုက်​ပါတယ်​ လိုအပ်​သူများ​အောက်​မှာ download လုပ်​ယူနိုင်​ကြပါတယ်

Download