Ad

Showing posts with label မမတို့အတွက်​စိတ်​ခွန်​အား. Show all posts
Showing posts with label မမတို့အတွက်​စိတ်​ခွန်​အား. Show all posts

Thursday, April 16, 2015

စာဖတ်တဲ့ မိန်းကလေးတွေဟာ ကိုယ့်ကိုယ်ကို ဦးဆောင်နိုင်တယ်။

စာဖတ်တဲ့ မိန်းကလေးတွေဟာ ကိုယ့်ကိုယ်ကို ဦးဆောင်နိုင်တယ်။

စာဖတ်နှစ်သက်တဲ့မိန်းကလေးတွေဟာ ပညာအရည်အချင်းမမြင့်လည်း စာပေယဉ်ကျေးမှုတော့ရှိတယ်။ စာပေယဉ်ကျေးမှုရှိတဲ့ မိန်းကလေးတွေဟာ အကျိုးသင့်အကြောင်းသင့် စဉ်းစားတွေးခေါ်တတ်တယ်။ ခေါင်းအေးအေးထားဆုံးဖြတ်တတ်တယ်။လူ့သဘောသဘာဝကို နားလည်တယ်။

စာအမြဲဖတ်သူတွေဟာ လူကြားသူကြားမှာထင်းထင်းရှိတယ်။အထူးသဖြင့် ကိစ္စတစ်ခုခုဆောင်ရွက်တဲ့အခါ၊ ဖြေရှင်းတဲ့အခါ တည်ငြိမ်တယ်၊ ဣနြေ္ဒရတယ်။ စာအမြဲဖတ်သူတွေမှာ အတင်းအဖျင်းမရှိဘူးလို့ လူတချို့ကပုံဖော်ကြတယ်။ သူတို့ဟာ ကျိုးကြောင်းဆင်ခြင်မှုရှိတယ်။ တခြားသူစကားနောက် လိုက်ပါမသွားဘူး။

>>> ပညာဗဟုသုတကြွယ်ဝတဲ့ မိခင်တစ်ဦးက သားသမီးတွေကို နက်နဲတဲ့တွေးတောကြံဆမှုတွေကို ရစေတယ်

<<<ပညာဗဟုသုတကြွယ်ဝတဲ့မိခင်တစ်ဦးကသားသမီးတွေရဲ့တွေးတောမှုကို အကျိုးသက်ရောက်စေတယ်ဆိုရင် ပညာတတ်မိခင်က ပိုနက်နဲတဲ့တွေးတောမှုကို ပေးနိုင်ပါတယ်။
ဒါဟာ လမ်းလျှောက်သင်စကလေးငယ်တစ်ဦးလို လူကြီးရဲ့လက်ကိုတွဲပြီး ဖြည်းဖြည်းချင်းလမ်းလျှောက်သင်ယူတာနဲ့ အတူတူဖြစ်တယ်။

ပညာဗဟုသုတကြွယ်တဲ့မိခင်တစ်ဦးဟာကလေးငယ်မွေးဖွားစကနေ ကြီးပြင်းတဲ့အထိနေ့စဉ်ဘဝတိုင်း ကလေးငယ်အပေါ် နည်းနည်းချင်းစီသက်ရောက်နေပါတယ်။

မိခင်တိုင်းက သူတို့နည်း၊ သူတို့ဟန်နဲ့ သူတို့ သားသမီးအပေါ် သက်ရောက်နေကြတယ်။ မိခင်တိုင်းမှာ မိခင်တိုင်းရှိအပ်တဲ့ အကြင်နာတရားတွေ၊စိတ်သဘောထားကြီးမြတ်ခြင်းတွေ၊ ကြံ့ခိုင်ခြင်းတွေ...... ရှိပါတယ်။

အဲဒီအရာတွေကို သားသမီးတိုင်း သိမြင်၊ သင်ယူတတ်ဖို့ပဲ လိုပါတယ်။.

နိုင်းနိုင်းစ​နေ