Ad

Wednesday, May 6, 2015

ဝဋ်ဆိုတာလည်တတ်တယ်နော်

ဝဋ်ဆိုတာလည်တတ်တယ်နော်
---------------------------------၀ဋ်ဆိုတာလည်တတ်တဲ့သဘောရှိတယ်နော် ။ ကိုယ်အသာရစဉ်က သမာအာဇီဝကျကျ မဟုတ်တဲ့ နည်းတွေနဲ့ သူများမျက်ရည်ကျပြီး မှဘ၀တွေပျက်ပြီးမှရလာတဲ့ စည်းစိမ်ချမ်းသာတွေနဲ့ ခံစားတတ်တယ်ဆိုရင်၊ ကိုယ်အလှည့် နိမ့်ပါးချိန်ရောက်လာရင်လည်းလောကဓံကိုခံနိုင်အောင် ကြိုပြင်ဆင်ထားပေါ့ ။

တူဖြစ်တုန်းက နှံခဲ့ ရင် ပေဖြစ်ရင်လည်း ခံနိုင်ရည်ရှိရမှာ ပေါ့။ဒါမှတရားမျှတမှုဆိုတာ အဓိပ္ပာယ်ရှိမှာပေါ့ ။

အူမတောင့် မှသီလစောင့် နိုင်မယ်ဆိုတာအစား သီလစောင့်ရင်း အူမတောင့် အောင်နေမယ်လို့ စိတ်ကူးသင့်တာပေါ့ ။

ကိုယ်လိပ်ပြာသန့်သန့် ရှင်သန်နိုင်ရင်အခြားသူတွေဘယ်လိုဝေဖန်ဝေဖန် ခံနိုင်မှာပဲလေ ။ လိပ်ပြာမလုံတဲ့ သူတွေဆိုရင်တော့ဘယ်နေနိုင်ပါ့မလဲ ။

" အများအကျိး ရွက်သည်ပိုးကခနိုးခနဲ့ ဆိုကဲ့ရဲ့လည်းမရွဲ့မစောင်း ကိုယ့်လမ်းကြောင်းကိုစိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော့။" ကျေးဇူးတော်ရှင်စစ်ကိုင်း ရွှေဟင်္သာဆရာတော်ဘုရားကြီး၏ သြ၀ါဒစကားတော်မြတ်ကို အမြဲ နှလုံးသွင်းနိုင်ကြရင်အကောင်းဆုံးပေါ့ ။

ပတ္တမြားမှန်ရင် နွံမနစ်ပါဘူး ။ နစ်ရင်လည်း ခဏပါပဲ ။ တောက်မယ့် မီးခဲတရဲရဲ ဖြစ်လာမှာပဲလေ ။

မြန်မာပြည် အခြေခံပညာအဆင့် Grade 10 ( န၀မတန်း ) လက်ရှိသင်ရိုး မှာပါတဲ့ ပတ္တမြားရွှေဂူကဗျာထဲကလို ၀က်တွေလိုတော့ ပတ္တမြားရွှေဂူကိုညစ်နွမ်းအောင် လုပ်တဲ့ လူတန်းစားထဲမပါအောင်နေကြပေါ့ ဗျာ ။

ကောင်းကင်မှာသာတဲ့အလင်းရောင်ပေးတဲ့ လမင်းကို မြေပြင်ကခွေးတွေဟောင်ရင် ဟောင်တာပဲရှိမှာပေါ့ ။ လမင်းကြီးကတော့ သာမြဲသာ ၊ ထွန်းလင်းမြဲထွန်းလင်းမှာပေါ့ ။

ခွေးရူးကောင်းစား တစ်မွန်းတည့်အဖြစ်မခံကြပါနဲ့ ။ဝဋ်လည်လောက်တဲ့ အကုသိုလ်ကံမျိုး ပြုလုပ်ထား ၊ ပြုလုပ်ဖူးတဲ့ သူတွေလည်း အချိန်မီ အမှားပြင်ဆင်နိုင်ကြလို့ လမ်းမှန်လျှောက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် တိုက်တွန်းအပ်ပါတယ်။

အိပ်စက်ရင်လည်း ငြိမ်းချမ်းစွာအိပ်စက်နိုင်ကြပါစေ ။ နိုးထလာတဲ့ အချိန်မှာလည်း ငြိမ်းချမ်းစွာ နေထိုင်နိုင်ကြပါစေ ။

Credit to ပစ်တိုင်းထောင်K.K(ကနောင်)