Ad

Friday, May 8, 2015

အက်ရှင်တွေကို ရိုက်ကူးဖို့ သီးသန့် ထုတ်တဲ့

အက်ရှင်တွေကို ရိုက်ကူးဖို့ သီးသန့် ထုတ်တဲ့ GoPro

တစ်ချိန်တုန်းက လှုပ်ရှားမှု အင်မတန်မြန်​တဲ့ အက်ရှင်ဇာတ်ကားတွေတွေမှာ First Person ထောင့်ကနေနေပြီးတော့ ဘယ်လို ရိုက်ကူးသလဲဆိုတာ ခေါင်းစားခဲ့ဖူးတယ်။ နောက်တော့ သိလာတာက သူတို့မှာ အသေတပ်ဆင်ထားတဲ့ ကင်မရာများ ရှိပြီး ယင်း ကင်မရာများနဲ့ ရိုက်ကူးခြင်းဖြစ်တယ်ဆိုတာ သိလာပါတယ်။

နောက်တော့ ယင်း ကင်မရာ ဟာ ဘယ်ကနေ ထုတ်တာလဲ ဆိုတာကိုပါ သိလာပါတယ်။ အဲ့ဒီလို အက်ရှင်တွေကို ရိုက်ဖို့ ထုတ်တဲ့ ကုမ္ဗဏီတွေထဲမှာ နာမည်အကြီးဆုံးကတော့ GoPro ဖြစ်ပါတယ်။

GoPro မှ ထုတ်တဲ့ တပ်ဆင်ကင်မရာ၊ ရိုးရိုးကင်မရာ အပြင် အခြားသော ကင်မရာ များစွာ ရှိပါတယ်။ Hero စီးရီးဆိုရင်အင်မတန် အောင်မြင်ပါတယ်။ Hero က အခု Hero 4 ဗားရှင်းအထိ ရောက်ရှိလာပြီး 5 MP ကနေ စတင်လိုက်တာ အခု 12 MP အရည်အသွေးထိ ရှိလာပါပြီ။

Focal length အသေ ပါဝင်ပြီး နောက်ဆုံးထွက် ဆိုရင်4K Video အထိ ရိုက်ကူးလို့ ရပါတယ်။ သူ့ကို Drone တွေမှာ တပ်တာမျိုး၊ မိုးပျံပူပေါင်းမှာ တပ်တာမျိုး၊ ဆိုင်ကယ်ဦးထုပ်၊ စက်ဘီးအုပ်ထုတ်မှာ တပ်တာမျှိုး၊ တောင်တက်သူများမှာ အုပ်ထုပ်မှာ တပ်တာမျိုး အစရှိသဖြင့် အမျိုးမျှိုး အသုံးပြု နိုင်ပါတယ်။

ကင်မရာရဲ့ အရွယ်အစားက လက်သီးတစ်လုံးစာ လောက်ပဲ ရှိပါတယ်။ရေအောက်မှာလည်း ရိုက်ကူးလို့ ရပါတယ်။ ဒါပေမယ့် ရေအောက် အနက် မီတာ အကန့်အသတ် ရှိပါတယ်။ သူ့ရဲ့ ဈေးက ၂ သိန်း၊ ၃ သိန်း၊ ၄ သိန်း၊ ၅ သိန်း အစားစား ရှိပါတယ်။ ၅ သိန်းကတော့ လောလောဆယ် နောက်ဆုံးထွက် ဗားရှင်းရဲ့ ဈေး ဖြစ်ပါတယ်။ မြန်မာပြည်က ဆိုင်အချို့မှာလည်း ရောင်းချ ပါတယ်။

Author အောင်ခမ်း (MMAS)