လူတိုင်းရဲ့ရင်ထဲမှာ ခံစားချက်တွေကိုယ်စီရှိကြပါတယ်။ ပျော်ရွှင်စရာ ခံစားချက်တွေ ၊ ၀မ်းနည်းစရာ ခံစားချက်တွေ ၊ မကျေနပ်စရာ ခံစားချက်တွေ စတဲ့ ခံစားချက်တွေနဲ့အစုံပေါ့။ ဒီခံစားချက်တွေကို တစ်ခါတစ်လေမှာ ရင်ဖွင့်ချင်ကြတယ်။ တစ်စုံတစ်ယောက်ကို အဓိက ဦးတည်ပြီး ရင်ဖွင့်ချင်ကြပါတယ်။ ဒါပေမဲ့ သူသိသွားရင် ဟားခံရမှာလည်း စိုးရိမ်သလို ၊ သူသိရင် ကိုယ့်ကို အပစ်ပြောမှာကိုလည်း စိုးရိမ်ကြတာ လူ့သဘာဝလို ဖြစ်နေပါတယ်။ အခုချိန်မှာ Social Media Website တွေဖြစ်ကြတဲ့ Facebook တို့မှာ တင်ပြန်ရင်လည်း ကိုယ့်ရဲ့ နာမည်နဲ့ဆိုတော့ အဆင်မပြေပြန်ဘူးဖြစ်နေပြန်ရော။
ဒီအတွက် ပူစရာမလိုတဲ့ Application လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီ Application လေးကို Hush လို့ခေါ်ပါတယ်။ ဘာသာပြန်အရကြည့်မယ်ဆိုရင်တော့ Hush ဆိုတာ တိုးတိုးတိတ်တိတ်လေးနေတာပေါ့။ ဒီ Meaning လေးအတိုင်းပါပဲ Hush ဆိုတာ မိမိရဲ့ ခံစားချက်တွေကို လူမသိသူမသိ ဖွင့်ထုတ်နိုင်တဲ့ Application လေးပါ။ ဒီ Application ကို မြန်မာနိုင်ငံရဲ့ နည်းပညာ လူငယ်တို့က ရေးသားထားပြီး နိုင်ငံတကာရဲ့ စောင့်ကြည့်ခြင်းကို ခံနေရတဲ့ Application လေးတစ်ခုလည်း ဖြစ်ပါတယ်။ ဒီ Application လေးဟာ အသုံးပြုရရိုးရှင်းသလောက် ၊ အလွယ်တကူလည်း Sign Up ပြုလုပ်နိုင်ပါတယ်။
ဒီ Application ကို အသုံးပြုသူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် သိစရာမလိုပဲ Add စရာလည်း မလိုပါဘူး။ ၂ မိုင်ပတ်လည်မှာ ရှိနေတဲ့ Hush Application အသုံးပြုသူအချင်းချင်း အပြန်အလှန် ခံစားချက်တွေမျှဝေနိုင်ပြီး ၊ သူများရေးသားထားတဲ့ Status တွေရဲ့အောက်မှာ အပြန်အလှန် Comment ရေးသားခြင်း ၊ Sticker Comment များပေးနိုင်ခြင်းတို့ပြုလုပ်နိုင်ပါတယ်။ ဒါကြောင့် မိမိခံစားချက်တွေကို ဘယ်သူမှ မသိအောင် မျှဝေနိုင်တဲ့ ပျော်စရာ Social Application တစ်ခု ဖြစ်တဲ့ Hush Application ကို အခုပဲ သင့် Mobile Phone ထဲမှာ install လုပ်ပြီး မိမိခံစားချက်တွေကို သူငယ်ချင်းတွေကို ထုတ်ဖော်ပြောပြလိုက်ပါ။ Android နဲ့ iOS နှစ်မျိုးစလုံးအတွက် ထုတ်ထားတဲ့အတွက် မိမိစိတ်ကြိုက် Phone အတွက် အသုံးပြုနိုင်ပါတယ်။
အောက်က link မှာ Download ပြုလုပ်နိုင်ပါတယ်။
အားလုံးအဆင်ပြေကြပါစေ...
Aung Ko Htet