Ad

Thursday, April 16, 2015

“မုန်းတုံ့ဖြေပါ”

“မုန်းတုံ့ဖြေပါ”

•••••••••••••••••••••

မြတ်ဗုဒ္ဓက မုန်းတုံ့ဖြေနည်းကိုဤသို့ သွန်သင်ပြသ ဆုံးမတော်မူခဲ့သည်။

“မိမိမုန်းသည့် ပုဂ္ဂိုလ်အပေါ်
●မေတ္တာပွားခြင်း၊
● ကရုဏာထားခြင်း၊
● ဥပေဏ္ခာပြုခြင်း၊
● မေ့ပျောက်ပစ်ခြင်း၊
● ကံပိုင်ရှင်သဘောကို အခိုင်အမာဆွဲကိုင်ထားခြင်းဖြင့် ဖြစ်ပေါ်လာသောမုန်းစိတ်ကို အကြွင်းမဲ့ ပယ်ဖျောက်ပေးရမည်”ဟူ၏။

လူတိုင်း၊လူတိုင်းဤသို့ မုန်းတုံ့ကိုဖယ်၊မေတ္တာတုံ့လှယ်ကြမှသာလျှင်သာယာပျော်ရွှင်ဖွယ် ကောင်းသောဘဝကိုကြုံတွေ့နိုင်ပေသည်။

● လူအချင်းချင်းလည်းကောင်း၊

● လူမျိုးအချင်းချင်းလည်းကောင်း၊

● နိုင်ငံအချင်းချင်းလည်းကောင်းမုန်းတုံ့ပယ်လှန် ၊မေတ္တာတုံ့ပြန် ကြမှသာလျှင်ကမ္ဘာကြီး ထာဝရ ငြိမ်းချမ်းသာယာနိုင်ပေမည်။

❦လူမျိုးအချင်းချင်း မုန်းစိတ်ပွားကာအတောမသတ် အရက်စက်ဆုံး၊အကြမ်းကြုတ်ဆုံးဆင်နွှဲနေကြသောလူသတ်ပွဲကြီးများလည်း အကန့်အသတ်မရှိရပ်နားသွားကြပေလိမ့်မည်။

❦အမြောက်သံ ၊ဗုံးသံတိတ် ၊မေတ္တာပို့သံတွေတစ်ကမ္ဘာလုံး ညံလာပေလိမ့်မည်။

❦ယမ်းခိုးယမ်းနံတွေကင်းရှင်း၍မေတ္တာရနံ့တွေ ကြိုင်သင်းလာပေလိမ့်မည်။သို့ကြောင့်မို့ရရှိလာသောဘဝလည်း တန်ဖိုးရှိလေအောင်ကမ္ဘာကြီး ငြိမ်းချမ်းလေအောင် မေတ္တာတုံ့ဝေမုန်းတုံ့ ဖြေကြပါဟု အထပ်ထပ် ပြောချင်ပါသတည်း။-

【ပါမောက္ခချုပ် ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝ