Ad

Thursday, April 16, 2015

“ဆက်ဆံရေး လှမှ ဘဝလှမယ်။”

“ဆက်ဆံရေး လှမှ ဘဝလှမယ်။”

••••••••••••••••••••••••••••••••••••

ဆက်ဆံရေးမှာရိုးသားမှုမရှိလို့ စိတ်ဆင်းရဲနေကြတာ အများဆုံးပဲ။

တစ်ဖက်သက်အနိုင်ကျင့်ထားတဲ့ဆက်ဆံရေးတွေသိပ်များလာတယ်။

နိုင်လို့ ရတိုင်း အနိုင်ကျင့်နေကြတာတွေသိပ် များလာတယ်။

သူများကို အနိုင်ကျင့်ရတာကို အရသာတွေ့ကြတယ်။

အနိုင်ကျင့်လို့ရတာကိုကိုယ့်ရဲ့အင်အားလို့ထင်ကြတယ်။

အင်အားကြီးလို့ အနိုင်ရတာလို့ ထင်ကြတယ်။

ကိုယ့်ရဲ့စိတ်ထား“အောက်တန်းကျသွားတာ”ကို မသိကြဘူး။

ဆက်ဆံရေး မလှလို့ ဘ၀ပျက်ရတာ အများကြီးရှိတယ်။

ကိုယ် ဘယ်လို စိတ်ထားနဲ့ ဆက်ဆံနေသလဲဆိုတာကို သတိထားပါ။

ငါ့စိတ်ထားတွေ ဘယ်လို ဖြစ်နေသလဲ။

လှသလား။

မလှဘူးလား။-

【ဆရာတော်ဦးဇောတိက- မဟာမြိုင်တောရ】