Ad

Tuesday, April 14, 2015

Virus ၏ ပင်ကိုယ်သဘောကို ရှင်းပြခြင်း

Virus ၏ ပင်ကိုယ်သဘောကို ရှင်းပြခြင်း

Virus ဆိုတာ သတင်းတွေ၊ အချက်အလက်တွေအားလုံးအတွက် အံ့ဩဖွယ်ရာ သက်တမ်း အရှည်ဆုံးဖြစ်ပါတယ်။နောက်တစ်ခုပြောသေးတာက Virus ဆိုတာ ကိုယ်တွေဘယ်လောက် တန်ဖိုးရှိလည်း တော်လဲ တတ်လဲဆိုတာပြောပြပေးတဲ့ကောင်တဲ့။ အင်း.. ဒီလိုဆိုတော့ Virus ကို ထိုင်တောင် ရှိခိုးချင် စိတ်ပေါက်သွားပြီ ။သေသေ ချာချာ ထွင်ထားတဲ့ Virus တစ်ခုကဆိုးကျိုးပေးတာ၊ ထိခိုက်စေတာပိုများတယ်။နောက်ပိုက်ဆံသန်းပေါင်းများစွာ ကို နစ်နာစေတယ်။ ဟုတ်တယ်နော်..သူပြောထားတာ လည်း ဟုတ်သားပဲ။ Virus တစ်ခုပေါ် လာတာက လူတွေကြောင့် ပဲ မဟုတ်လား။ ဒီတော့ သူတို့က ပိုထိခိုက်စေလေ လူတွေတော်ကြောင်း ပိုကြွားသလိုဖြစ်လေ ပဲပေါ့။ ထွင်တဲ့ လူတွေကိုပဲ ကျေးဇူးတင် ပါတယ် လိုက်ပြောရမလိုပဲနော်။Virus ဆိုတာကလည်း တစ်နှစ်ပြီးတစ်နှစ်ကို ပေါ်လာတာအမျိုးမျိုးပဲ။ ၂၀၀၄၊ ဇန်န၀ါရီတုန်းကဆို Mydoom Wormပေါ်လာပြီး တစ်ရက်တည်းမှာတင် မီလျံလေးပုံတစ်ပုံလောက် ရှိတဲ့ Computer တွေ ကို ကူးသွားတာ။ ပြီးခဲ့တဲ့ ၁၉၉၉မတ်လတုန်းကလည်း ကြည့်ပါလား။Melissa Virus ဆိုပြီး ပေါ်လာတယ်လေ။ Microsoft နဲ့တစ်ခြားကုမ္ပဏီ အကြီးကြီးတွေ အားလုံး Virus ရှိနေသမျှ သုတို့E-mail System တွေကို သုံးလို့မရဘူးဖြစ်သွားတာ။၂၀၀၀ ပြည့်နှစ်တုန်းက I Love You Virus တုန်းကလည်းဒီအတိုင်းပဲ။ ဟော.. ၂၀၀၇၊ ဇန်န၀ါရီ လည်း ရောက်ရော Storm ဆိုတဲ့ Worm တစ်ကောင်ပေါ်လာပြန်ရော။ အဲဒီ Virus ကြောင့်အောက်တိုဘာ လလည်းကျရော ကွန်ပျူတာပေါင်း သန်း ၅၀အထက်ကို အကူးခံရပါရောလား။ ကဲကြည့်လေ..ဘယ်လောက်တောင် အထင်ကြီးစရာကောင်းတဲ့ Virus တွေလဲလို့..။IT နဲ့ ပတ်သက်တဲ့ သတင်းတွေကို နားထောင်တဲ့လူတိုင်းက Virus ကူးပုံကူးနည်းအမျိုးမျိုး အကြောင်းကြားနေရမှာ အမှန်ပဲ။ဒီအောက်မှာဖော်ပြပေးထားတဲ့ Viruses တွေကို ဖော်ပြပေးထားပါတယ်။

(၁)VirusesVirus ဆိုတဲ့ကောင်က Software လေးပဲ။ Software မှာမှ တကယ့် လူတွေအသုံးများတဲ့၊ သုံးနေတဲ့ Program တွေ ၊နောက်မှာ ကပ်ပါးလျက်ပါး ခိုးကြောင်ခိုးဝှက်လိုက်လာ တဲ့ ကောင်တွေပေါ့ ။ ဥပမာပြောရ ရင် Spreadsheet Program လေးနောက်မှာ Virus လေးကကပ်ပါလာတယ်ဆိုပါတော့။ ဒီတော့ အဲဒီ Spreadsheet Program Run တိုင်း၊ Run တိုင်းမှာVirus Program လေးကလည်းလိုက် Run နေတာပေါ့။ ဒီကောင်က Program တစ်ခုမှာ ကပ်ရုံနဲ့မပြီးဘူး။ဂြိုလ်သားတွေလိုပဲ.. ပွားနိုင်တယ်။ အခု ဒီ Program ကနေ၊ နောက် Program တွေ ကိုလည်းလိုက်ကပ်နိုင်သေးတယ်။

(၂)Email VirusEmail Virus ကတော့ Email Virus ဆိုတဲ့အတိုင်းပဲ။ လူတွေ လူတွေ ပို့သမျှ Email နောက်ကနေ ကပ်လိုက်သွား တာလား။လိုက်လည်းလိုက်သွားပြီးရော အကူးခံရတဲ့လူရဲ့ Address Book ထဲကနေ၀င်ပြီး တစ်ခြားလူတွေဆီ သူ့ဟာသူ အော်တိုMailတွေ ပို့တော့တာပဲ။အဲဒီတော့ အပို့ခံရတဲ့ လူကမသိ၊ ဖွင့်လည်းဖွင့်လိုက်ရော သူ့ Address Book ထဲ ပါဝင်ပြီး ကူးပြီးတော့ နောက် လူတွေပါ ဆက်ပို့တော့တာပဲ။ တစ်ဆင့်ကူး၊ တစ်ဆင့်ကူးနဲ့ ပလူပျံကုန်တော့ တာပေါ့။ G-Galk Virus က အဲဒီလို မျိုးသွားတာလေ။

(၃)Trojan HorsesTrojan Horses ကလည်း ကွန်ပျူတာ Program တစ်ခုပဲ။ ဒါပေမယ့် ဒီကောင်က အယောင်ဆောင်ကောင်။ ဥပမာ-Gameလိုလို၊ ဘာလိုလို အယောင်ဆောင်ထားတာပေါ့။ ကိုယ်ကမသိလို့သွားလည်း Runလိုက်ရော...ကိုယ့်စက်ကြီးဖျက်ခံရပါလေရော..။အခန့်မသင့် ရင် Hard Disk ကိုတောင် ၀င်ကိုက်သွားတာနော်။ ဒါပေမယ့် ဒီကောင်က သူ့ဟာ သူမ ပွားနိုင်ဘူး။

(၄)WormsWorm ကတော့ Network တွေ၊ Security တွေရဲ့ ယိုပေါက်တွေကနေ တစ်ဆင့် ကူးပြီး သူ့ဟာသူ ဆက်ပွား သွားတာ။Worm ရဲ့ Copy ကောင်က ဘယ်စက်မှာ Security ပိုင်း ယိုကွက်/ ဟာကွက် ရှိနေလဲလိုက်ချောင်း ၊ချောင်းပြီး လို့တွေ့ တာနဲ့ကူးတော့တာပဲ။ကူးပြီးတာနဲ့ ဘယ်စက်ကို ထပ်ကူးရင်ကောင်းမလဲ ထပ်ရှာတယ်။ အဲဒီလိုနဲ့မျိုးပွားတဲ့ ကောင်တွေရောက်ရာအရပ်မှာ မျိုးစေ့ချတယ်လေ။ ကဲ ဒါကတော့ Worms Virus ပါပဲ။

From Sayar Zaw Lin(youth)